DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့တွင်​ ​နေအိမ်​ ၃ လုံး မီး​လောင်
DVB
·
May 4, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ မေ ၃ ရက် ည ၁၁ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားကာ နေအိမ် ၃ လုံး မီးလောင်ခံခဲ့ရပါတယ်။

မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်၊ နယ်မြေ ၄၊ သုံးဆူဘုရားတောင်ဘက် အဆင်းလမ်းရှိ သွပ်မိုးထရံကာ နေအိမ်တအိမ်မှာ လျှပ်စစ်ဝါယာကြိုးမှ ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးနားက နေအိမ်တွေ မီးကူးစက် လောင်ကျွမ်းခံခဲ့ရတာပါ။

နေအိမ် မီးထဲပါသွားသူတဦးဖြစ်တဲ့ ဦးထင်အောင်ကျော်က “မီးစတင်လောင်ချိန်က အရမ်းမြန်ပါတယ်၊ ဘေးအိမ် ၂ လုံးကို ချက်ချင်းကူးစက်သွားတာပေါ့၊ ကျနော်တို့ သေတ္တာ ၁ လုံးနဲ့ ဆိုင်ကယ်လေးတော့ ရလိုက်တယ်၊ ကျန်တာ အားလုံးဆုံးရှုံးသွားတာ” လို့ ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ ဒေါ်ခင်သန်းဆွေ(ကွယ်လွန်)ရဲ့ နေအိမ်ဟာ လူနေထိုင်ခြင်းမရှိဘဲ ဒေါ်ခင်သန်းဆွေရဲ့ သားအကြီးဆုံးဖြစ်သူက တာဝန်ယူစာင့်ရှောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ချိန်မှာ မြင်းခြံမီးသတ်တပ်ဖွဲ့မှ အရန်မီးသတ် အပါအဝင် မီးသတ်ဝန်ထမ်း ၁၄၈ ဦးနဲ့အတူ ရေကားနဲ့ မီးသတ်ကား ၁၂ စီးတို့ လာရောက် မီးငြှိမ်းသတ်ခဲ့ကြပြီး ည ၁၂ နာရီလောက်မှာတော့ မီးကို အပြီးငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။

မီးလောင်ရာမှာ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၆ သိန်းခန့် ဆုံးရှုံးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာသူတွေတော့ မရှိဘူးလို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေါ်ခင်သန်းဆွေ (ကွယ်လွန်) ရဲ့ သားဖြစ်သူ ကိုကျော်စိုးထွန်းကို မြင်းခြံ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့  မြင်းခြံ မြို့မရဲစခန်း တာဝန်မှူး ရဲအုပ် မျိုးထွန်းအောင်ထံက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013