DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော် နုတ်ထွက်မည့်သတင်း လုံးဝမဟုတ်မှန်ဟု သမ္မတရုံးပြောခွင့်ရသူပြောကြား
DVB
·
May 3, 2017
သမ္မတဦးထင်ကျော် နုတ်ထွက်မည့်သတင်း လုံးဝမဟုတ်မှန်ဟု သမ္မတရုံးပြောခွင့်ရသူပြောကြား
Donate to DVB

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေး မကောင်းလို့ ရာထူးက နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ လူမှုကွန်ရက်မှာပျံ့နေတဲ့သတင်းတွေ  မဟုတ်မှန်တဲ့အကြောင်း  နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချပ်  ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒါလုံးဝ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းပါတယ်။  နုတ်ထွက်စာတင်တာလည်း မဟုတ်ပါဘူး။ ”

အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့စာနဲ့ပတ်သက်လို့ ဘယ်ကစလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်လဲဆိုတာကို သမ္မတရုံးအနေနဲ့ လေ့လာနေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး သွားရောက်နေချိန်မှာ ခုလို သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပြီး  အန်အယ်လ်ဒီပါတီက သူရဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ပျံ့နှံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013