DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် တရားမဝင်သစ်တန်ချိန် ၃၀ ဖမ်းမိ
DVB
·
May 3, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန္နီကြားရှိ ရေပူစစ်ဆေးရေးစခန်းမှာ မေ ၃ ရက်နေ့မနက် အရုဏ်မတက်မီ တရားမဝင် ပိတောက်နဲ့ တမလန်းသစ်တွေ တင်ဆောင်လာတဲ့ကား ၄ စီးကို ဖမ်းဆီးခဲ့ပါတယ်။

အကောက်ခွန် ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က "ဖမ်းမိတာက ၁၂ ဘီးကားက ၃ စီးနဲ့ ၂၂ ဘီးကားနဲ့ ၁ စီးမိတယ်။ သူတို့က ဒီနီးနားတဝိုက်က ဖြစ်နိုင်တယ်။ ဒီထဲက ဝန်ထမ်းတွေလည်း ဖြစ်နိုင်တယ်။ အကုန်လုံးက ရေပူကို စောင့်ကြည့်နေတယ်။ ဘယ်ချိန်ဖမ်းတယ်၊ ဘာလုပ်တယ် သတင်းပို့ပြီးတော့ သေချာမှ ဖြတ်သွားကြတယ်။ အဲဒါကို ဦးလေးတို့ကလည်း နားချင်ယောင် ဆောင်တယ်။ အိပ်ချင်ယောင်ဆောင်တယ်၊ ဖြတ်လာမှ ဖမ်းလိုက်တယ်။ အဲတာကို မနေ့ညက ၄ စီးမိတယ်" လို့ ပြောပါတယ်။

၂၂ ဘီးကားကို ၂ နာရီအချိန်မှာ ဖမ်းဆီးရမိပြီး ၁၂ ဘီးကား ၃ စီးကိုတော့ ၂ နာရီ ၄၅ မိနစ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စုစုပေါင်း တန်ချိန် ၃၀ ခန့်ရှိတယ်လို့ သူက ပြောပါတယ်။

"ဦးလေးတို့ တောက်လျှောက် ဒီလောက် အသည်းအသန် တညလုံး အလုပ်လုပ်နေတာတောင် ဒီကားတွေက ထပ်မိတယ်။ စဉ်းစားရမယ့် အချက်တွေကလည်း များတယ်။ ဦးလေးတို့ကို စောင့်ကြည့်နေတဲ့လူတွေက အပြင်က လူတွေကြီးပဲ။ အခုဖြစ်လာတဲ့ပုံက ဦးလေးတို့ ထွက်လာပြီ ဆိုရင် ကားတွေကရပ်တယ်။ အဲကားကို စစ်ရင် သစ်တွေပါလာတယ်။ သစ်တွေမိတာက များတယ်။ ကားပိုင်ရှင်တွေကတော့ မန္တလေးတို့ စစ်ကိုင်းကနေလာကြတယ်လို့ ထွက်ဆိုတယ်။ ဒါမဲ့ အဲတာတွေက မမှန်နိုင်ဘူး။ သစ်ပိုင်ရှင်တွေတော့ ကားပေါ်ပါမလာဘူးလေ။ မိတာက ကားသမားတွေပဲ။ စစ်ဆေးတဲ့ အခါမှာ ကားသမားတွေရဲ့ ထွက်ဆိုချက်လည်း မှန်လေ့မရှိဘူး" လို့ ပြောပါတယ်။

လက်ရှိဖမ်းဆီးရမိတဲ့ တရားမ၀င်သစ်ကားတွေကို သစ်တောဌာနသို့ လွှဲပေးမှာဖြစ်ပြီး ဖမ်းဆီး ထားတဲ့ ကားသမား ၆ ဦးကို သိန္နီရဲစခန်းကို ပို့ဆောင်စစ်ဆေးနေပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013