DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ ထူးခြားအံ့ဖွယ် ဆရာတော်ကြီး ၂ ပါး၏ ရုပ်ကလာပ်တော်
DVB
·
May 3, 2017
ရခိုင်ပြည်နယ်မှ ထူးခြားအံ့ဖွယ် ဆရာတော်ကြီး ၂ ပါး၏ ရုပ်ကလာပ်တော်
1 / 6
Donate to DVB

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဇလွန် မဒေကျေးရွာ ဓမ္မသစ္စာကျောင်းတိုက်မှာ ဆရာတော်ကြီး ၂ ပါးရဲ့ ရုပ်ကလာပ်တော်ကို မပုပ်မသိုးဘဲ ထူးခြားအံ့ဖွယ်စွာ ဒီနေ့ထိတိုင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဆရာတော်ကြီး ၂ ပါးမှ တပါးဖြစ်တဲ့ ဦးသုဇတ ရုပ်ကလာပ်တော်ဟာ ပျံလွန်တော်မူသွားတာ နှစ်ပေါင်း ၃၀ ကျော်တောင် ကြာလွန်ခဲ့ပေမယ့် ဒီနေ့အချိန်အထိ မပုပ်မသိုးဘဲ ခန္ဓာကိုယ်တခုလုံးမှာ ကြေးနီးရောင်အဆင့်နဲ့ ဖုံးလွှမ်းနေပါတယ်။

ဆရာတော် မပျံလွန်ခင်ရဲ့ သုံးလအလို ၁၃၄၆ ဝါခေါင်လကွယ်နေ့ ဥပုသ်နေ့မှာ တပည့်ဒကာ၊ ဒကာမတွေကို ခန္ဓာဝန်ချမယ် ဖြစ်တာကြောင့် ရုပ်ကလာပ်ထည့်နေရာ၊ မပုပ်မသိုးမယ့်အကြောင်းကို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ကြီး ဦးသုဇာတ တပည့်တပါးဖြစ်တဲ့ ဦးကဝိနန္ဒဆိုရင်လည်း ပျံလွန်တော်မှုသွားတာ ၂ နှစ်ကျော်ကြာခဲ့ပြီး ဖြစ်ပေမယ့် ပထမဆရာတော်ကြီးလို့ မပုပ်မသိုးဘဲ တည်ရှိနေတာပါ။

ဆရာတော်ကြီးနှစ်ပါးဟာ ဝိပဿနာကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သူတွေ ဖြစ်သလို ပျံလွန်တော်မူပြီးတဲ့အချိန်မှာလည်း မပုပ်မသိုးဘဲ ကြေးနီရောင် ခန္ဓာကိုယ်သဏ္ဌာန် ရှိတာကြောင့် ဆရာတော်နှစ်ပါးကို ရဟန္တာနှစ်ပါးလို့ ယူဆကြပါတယ်။

သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013