DVB Logo
Home
မေးမြန်းခန်း
မြန်မာ့​စီး​ပွား​ရေး​အနာဂတ် (ဦး​မော်သန်း​နှင့်​ ​မေး​မြန်း​ချက်)
DVB
·
January 27, 2012
မြန်မာ့​စီး​ပွား​ရေး​အနာဂတ် (ဦး​မော်သန်း​နှင့်​ ​မေး​မြန်း​ချက်)
Donate to DVB

မ​နေ့​က ထုတ်ပြန်တဲ့​ နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ရဲ့​ မြန်မာပြည် စီး​ပွား​ရေး​စာတမ်း​မှာ မြန်မာပြည်ဟာ အာရှမှာ ဖွံ့​ဖြိုး​တိုး​တက်နိုင်ဖို့​ အလား​အလာ​ကောင်း​တွေ ရှိ​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။

[caption id="attachment_20451" align="alignright" width="300" caption="ဦးမော်သန်း"][/caption]

ဒါ​ပေမယ့်​ ​ငွေလဲနှုန်း​က​နေစလို့​ ဘဏ္ဍာ​ရေး​စနစ်တခုလုံး​ ​ခေတ်မီဖို့​ လိုအပ်​နေတဲ့​အတွက် စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ ဆက်လုပ်ဖို့​ အစိုး​ရကို တိုက်တွန်း​ထား​ပါတယ်။

အိုင်အက်အက်ဖ်ရဲ့​ အဲဒီအစီရင်ခံစာအ​ပေါ် အ​ခြေခံပြီး​ ရန်ကုန်စီး​ပွား​ရေး​တက္ကသိုလ်က အငြိမ်း​စား​ပါ​မောက္ခ ဦး​မော်သန်း​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

“အား​ချင်း​လုပ်ရမယ့်​ ဥစ္စာက ပုဂ္ဂလိက ကဏ္ဍမှာ​တော့​ ​ငွေလဲနှုန်း​က အစိုး​ရသတ်မှတ်ချက် မ​ပြောင်း​လဲလည်း​ ပုဂ္ဂလိက ကဏ္ဍမှာ​တော့​ တကယ် ​ဈေး​ကွက် ​ပေါက်နှုန်း​နဲ့​ပဲ အ​ရောင်း​အဝယ်လုပ်တာ ဖြစ်​နေပါတယ်။ ​နောက်ပြီး​တော့​ သိမ်ဖြူမှာရှိတဲ့​ ​ငွေလွှဲ​ကောင်တာ​တွေကလည်း​ပဲ အပြင်မှာ ရှိတဲ့​ဈေး​နဲ့​ သိပ်မကွာပါဘူး​။ တကယ့်​ Market သ​ဘောမျိုး​တွေပါပဲ။ အစိုး​ရသတ်မှတ်တဲ့​နှုန်း​ ၆ ကျပ် ပတ်ဝန်း​ကျင် မဟုတ်ပါဘူး​။ အစိုး​ရဌာနနဲ့​ ပတ်သက်တာမှာ​တော့​ ​ငွေလဲနှုန်း​ ​ပြောင်း​လိုက်လို့​ ရှိရင် ဌာ​တွေရဲ့​ တင်ပြထား​တဲ့​ စာရင်း​တွေ ​ပြောင်း​သွား​မှာ​ပေါ့​လေ။ ​ပြောင်း​သွား​တယ်ဆိုတာကလည်း​ပဲ လွှဲမှား​နေရာက​နေပြီး​တော့​ အမှန်အတွက် ​ပြောင်း​တာမျိုး​ ဖြစ်မှာပါ။ သို့​သော်လည်း​ပဲ ​ငွေလဲနှုန်း​ ​ပြောင်း​လဲဖို့​ဆိုတာက အစိုး​ရကဏ္ဍကျ​တော့​ သူက ဘဏ္ဍာနှစ်အလိုက် သွား​တာကိုး​။ သဏ္ဍာနှစ်အလိုက် သွား​တယ်ဆို​တော့​ ​ငွေလဲနှုန်း​ ​ပြောင်း​တဲ့​ဥစ္စာကို အစိုး​ရ စာရင်း​ကိစ္စရပ် အတွက်က​တော့​ ကျ​နော်ထင်တယ် ဘဏ္ဍာနှစ်ကို ပိုင်း​ခြား​ပြီး​တော့​မှ အဲဒီလို ​ပြောင်း​လိမ့်​မယ်။”

ဗမာပြည်ဘဏ္ဍာနှစ်က​တော့​ ဧပြီ ၁ ရက်က​နေ စတယ်ထင်ပါတယ်။

“ဧပြီလ ၁ ရက်​နေပြီး​တော့​ မတ်လ ၃၁ ရက်ပါ။”

လာမယ့်​နှစ်ထဲမှာ ​ငွေလဲနှုန်း​တွေ စ​ပြောင်း​မယ်ဆိုတာမျိုး​ ပြည်တွင်း​သတင်း​တွေမှာ ​ရေး​တာ ကျ​နော်တို့​ ​တွေ့​ပါတယ်။

“အဲဒါဆို ​ကောင်း​တာ​ပေါ့​၊​ ဒါ​ပေမယ့်​ အဲဒီသတင်း​က ဘာမှ အံ့​ဩစရာ​တော့​ မရှိပါဘူး​။ ​ငွေလဲနှုန်း​နဲ့​ ပတ်သက်လို့​က ၆ ကျပ်ဆိုတဲ့​ ​ငွေလဲနှုန်း​က သဘာဝမကျဘူး​။ ​ငွေလဲနှုန်း​ ​ပြောင်း​ရမယ်ဆိုတာ ​တော်​တော်များ​များ​ ​ငွေ​ကြေး​အာဏာပိုင်​တွေ အ​နေနဲ့​လည်း​ အသိအမှတ် ပြုပြီး​သား​ ဖြစ်ပါတယ်။ အသိအမှတ်ပြုပြီး​သား​ ဖြစ်တယ်ဆို​တော့​ အစိုး​ရ ကဏ္ဍဘက်မှာက​တော့​ ဘဏ္ဍာနှစ်အလိုက် ​ပြောင်း​မှာ​ပေါ့​လေ။”

ဒီလိုမျိုး​ ​ငွေလဲနှုန်း​တွေကို ဘဏ္ဍာနှစ်တခုမှာ စ​ပြောင်း​ပြီဆိုရင် အပြင်မှာ သာမန်ဘဝ​တွေ၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေမှာ ဘယ်လိုမျိုး​များ​ သက်​ရောက်မှု​တွေ ရှိလာနိုင်လဲ။ အဆိုး​နဲ့​ အ​ကောင်း​ပေါ့​။

“စီး​ပွား​ရေး​လုပ်ငန်း​တွေအ​နေနဲ့​ သက်​ရောက်မှု ဆိုတာက​တော့​ ပြည်ပနဲ့​ အဆက်အသွယ် ဆိုင်ရာစီး​ပွား​ရေး​ လုပ်ငန်း​အ​ပေါ်ပဲ သက်​ရောက်မှု ရှိမယ်။ ဥပမာ နိုင်ငံခြား​က​နေပြီး​တော့​ ဗမာပြည်မှာလာပြီး​တော့​ မြှုပ်နှံမယ်၊​ အဲဒီလို ကိစ္စရပ်မျိုး​တွေ အတွက်က​တော့​ ​တော်​တော်ကို ထူး​ခြား​သွား​မယ်။”

အိုင်အမ်အက်ဖ်က ​ပြောတဲ့​ထဲမှာ မြန်မာပြည်နဲ့​ပတ်သက်လို့​ စီး​ပွား​ရေး​ သူတို့​ ​တော်​တော် အ​ကောင်း​မြင်ထား​တာ ​တွေ့​ရပါတယ်။ မတ်လအကုန် ဘဏ္ဍာ​ရေး​နှစ်မှာတင် ဗမာပြည်ဟာ ၅.၅ ​လောက် တက်လာနိုင်ပြီး​တော့​ ​ရှေ့​နှစ် ဘဏ္ဍာ​ရေး​နှစ်ကျရင် ၆ ရာခိုင်နှုန်း​လောက်အထိ တက်လာနိုင်တယ် ဆိုတာမျိုး​ သူတို့​ သုံး​သပ်ထား​တာ ရှိပါတယ်။

“၅.၅ က​နေတဆင့်​ ၆ ရာခိုင်နှုန်း​လောက်ဆိုတာ အများ​ကြီး​ ဒါဖြစ်နိုင်ပါတယ်။ တခုပဲ စိုး​ရိမ်မှုရှိတာ ကမ္ဘာ့​စီး​ပွား​ရေး​ပဲ​လေ။ အဲဒါကိုက အကြီး​အကျယ် မထိခိုက်ဘူး​ ဆိုရင် ၆ ရာခိုင်နှုန်း​ဆိုတာ အများ​ကြီး​ ဖြစ်နိုင်ပါတယ်။”

ဗမာပြည်အ​နေနဲ့​ စီး​ပွား​ရေး​ အလား​အလာ ရှိတယ်ဆိုတာမျိုး​ သူတို့​ သုံး​သပ်ပါတယ်။

“အလား​အလာ ရှိတယ် ဆိုတာက အခုဆိုရင် အတိုး​နှုန်း​တွေကလည်း​ပဲ ​လျှော့​ထား​တယ်၊​ ​နောက်ပြီး​တော့​ ပို သိသာမြင်သာ​အောင် လုပ်လာတယ် ဆိုရင် မြန်မာပြည်အ​နေနဲ့​ကလည်း​ပဲ အလား​အလာ အများ​ကြီး​ ရှိပါတယ်။ မူဝါဒပိုင်း​ဆိုင်ရာအရ မဟာဗျူဟာအရ ​ပြောင်း​လဲတာ​တွေ ရှိတယ်။ သို့​သော် ဒါဟာ ​အောင်မြင်ဖို့​ရာအတွက် လက်​တွေ့​ အ​ကောင်အထည် ​ဖော်မှု​ပေါ့​လေ။ ရုံး​တွေမှာ လုပ်ကိုင်​ဆောင်ရွက်ရတာ​တွေ၊​ ပြဋ္ဌာန်း​ထား​တဲ့​ ​ပြောင်း​လဲချက်​တွေအတွက် တကယ့်​ကို သွက်သွက်လက်လက် ထိထိ​ရောက်​ရောက်​ပေါ့​လေ။ အဲဒီအပိုင်း​က​နေပြီး​တော့​ လိုက်အ​ကောင်အထည် ​ဖော်နိုင်ဖို့​ လိုပါတယ်လို့​ ​ပြောချင်ပါတယ်။”

ဗဟိုဘဏ်ကိုလည်း​ သီး​ခြား​ လွတ်လပ်​အောင်လုပ်မယ် ဆိုတာမျိုး​ ပြီး​ခဲ့​တဲ့​ တပတ် နှစ်ပတ်​လောက်က ​ပြောလာပါတယ်။ အဲဒီအ​ပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။

“ဗဟိုဘဏ်လွတ်လပ်​အောင် လုပ်မယ်ဆိုတာလည်း​ပဲ ဘယ်နိုင်ငံဖြစ်ဖြစ် ဗဟိုဘဏ်က သူ့​ဟာသူ လွတ်လွတ်လပ်လပ် ရပ်တည်တာပါပဲ။ ဗဟိုဘဏ်ဆိုသည်မှာ အမှန်က​တော့​ တိုင်း​ပြည်တပြည်ရဲ့​ စီး​ပွား​ရေး​ရဲ့​ ​စောင့်​ရှောက်ကာကွယ်​ပေး​မယ့်​ အဖွဲ့​လို ဖြစ်တယ်​ပေါ့​လေ။ ဗဟိုဘဏ်သည် တိုင်း​ပြည်စီး​ပွား​ရေး​ရဲ့​ ​စောင့်​ကြပ်တဲ့​ အဖွဲ့​အစည်း​လို ဖြစ်တယ်။ ​စောင့်​ကြပ်တဲ့​ အဖွဲ့​အစည်း​လို ဖြစ်​တော့​ သူသည် လွတ်လွတ်လပ်လပ် နိုင်ငံတကာမှာ ဘယ်မှာပဲ ဖြစ်ဖြစ် ဗဟိုဘဏ်က လွတ်လွတ်လပ်လပ်ပဲ ရှိပါတယ်။ အဲဒီ​တော့​ ဗမာပြည်အ​နေနဲ့​ ဗဟိုဘဏ်ကိုလည်း​ပဲ လွတ်လွတ်လပ်လပ် ထား​မယ်ဆိုတာ ဒါ အင်မတန်​ကောင်း​တဲ့​ ​ခြေလှမ်း​ပါ။ ​ကောင်း​တယ်လို့​ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013