DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားလျှောက်ထားသူ ၅၀ ကျော်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်ဆေးနေ
DVB
·
May 3, 2017
မြန်မာနိုင်ငံသားလျှောက်ထားသူ ၅၀ ကျော်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်ဆေးနေ
Donate to DVB

 

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံသား လျှောက်ထားသူ ၅၀ ကျော်ရှိနေပြီး လျှောက်ထားမှုတွေကို  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စစ်ဆေးနေ တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောပါတယ်။

မေ ၂ ရက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ အန်အယ်လ်ဒီအစိုးရလက်ထက် ၁ နှစ်တာ ကာလ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာပြေားတာပါ။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေပြီး ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသား ဖြစ်ခွင့် လျှောက်ထားမှုတွေကို ခွင့်ပြုပေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွန်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတဲ့၊ နိုင်ငံခြားသား ခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေကို မြန်မာနိုင်ငံသား ခံယူဖို့ ကျနော်တို့ ဖြေလျော့မှုတွေ လုပ်နေပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒီအစိုးရသစ် ကာလမှာတော့ မြန်မာနိုင်ငံသားဟောင်းများ စိစစ်ရေးကော်မတီ ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီးတော့ ကော်မတီအနေနဲ့ ဖွဲ့ထားပါတယ်။ ဖွဲ့ထားပြီးတော့ စစ်ဆေးပါတယ်။”

ဒီလို စစ်ဆေးတဲ့အခါမှာ အဓိကအားဖြင့် ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ အမှုအခင်း ဖြစ်ပွားခဲ့မှု ရှိ၊ မရှိနဲ့ ဝန်ကြီးဌာနတွေက အမည်မည်းစာရင်း သွင်းထားမှုရှိ၊ မရှိ စတဲ့ အချက် နှစ်ချက်နဲ့ စစ်ဆေးတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွန်းဝန် ဦးမြင့်ကြိုင်က ဆိုပါတယ်။

“ပြစ်မှုလည်း မရှိဘူး၊ အမည်မည်းစာရင်းကနေ လွတ်သွားပြီဆိုရင်တော့ ဒီမြန်မာနိုင်ငံသားဟောင်းတွေကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့ သာမန်အားဖြင့် မြန်မာနိုင်ငံသားဟောင်းများ နိုင်ငံသားအဖြစ် ပြန်လည်စိစစ်ရေးကော်မတီကနေပြီးတော့ ဆုံးဖြတ်ပေးပါတယ်။”

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၁၈၈ဦး အနက်  ၁၄၃ဦး ခွင့်ပြုပေးခဲ့ပြီး လက်ရှိ အစိုးရလက်ထက် ၁ နှစ်တာ ကာလအတွင်းမှာတော့ လျှောက်ထားသူ ၅၅ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013