DVB Logo
Home
မြန်မာသတင်း
တစညပါတီက အလုပ်သမားအဖွဲ့ရုံးနေရာ ဂရန်နာမည်ပေါက်လွှဲပြောင်းရယူသည့်အပေါ် ဆန္ဒပြ
DVB
·
May 3, 2017
Donate to DVB

ဟုမ္မလင်းမြို့ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ရုံးနေရာကို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး(တစည)ပါတီက နှစ် ၃၀ ဂရန်မြေနာမည်ပေါက် လွှဲပြောင်းရယူခဲ့တဲ့အတွက် နေရာ ပြန်လည်ရရှိရေး ဒီနေ့ မနက်ပိုင်းက ဆန္ဒပြနေကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ရုံးနေရာကို ဟုမ္မလင်းမြို့ တစညပါတီကနေ နှစ်သုံးဆယ် ဂရန်မြေနာမည်ပေါက် လွှဲပြောင်းရယူသွားတဲ့ အတွက် နေရာပြန်လည်ရရှိရေးအတွက် မေ ၃ ရက်နေ့ မနက် ၉ နာရီမှစတင်ကာ မြို့ပတ်ပြီး ဆန္ဒပြ ခဲ့ကြတာပါ။

တစညပါတီအနေနဲ့ ရုံးခန်းဖွင့်လှစ်ဖို့ မြေနေရာအခက်အခဲကြောင့် အလုပ်သမားတွေ နားနေဆောင်ရဲ့ အပေါ်ထပ်ကို ခေတ္တရုံးအဖြစ် ဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ရှုံးရင်ဖြစ်နေ၊ နိုင်ရင်ဖြစ်စေ ရွှေ့ပြောင်းပေးမယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ သဘောထားရယူတာ မရှိဘဲ ဂရန်မြေဖောက် ပြုသွားတာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013