DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ၁ နှစ်အတွင်း ငွေတိုက်စာချုပ်ကျပ် ၄၈၂၂ ဘီလီယံဖိုး ရောင်းရ
DVB
·
May 3, 2017
အန်အယ်လ်ဒီအစိုးရလက်ထက် ၁ နှစ်အတွင်း ငွေတိုက်စာချုပ်ကျပ် ၄၈၂၂ ဘီလီယံဖိုး ရောင်းရ
Donate to DVB

 

အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ယူတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းမှာ အစိုးရအနေနဲ့ မြန်မာကျပ်ငွေ ၄၈၂၂ ဘီလီယံ တန်ဖိုးရှိတဲ့ အစိုးငွေတိုက်စာချုပ်နဲ့ အစိုးရ ငွေတိုက်လက်မှတ်တွေကို ပြည်သူတွေကို ရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောပါတယ်။

ဒီလို ရောင်းချတာဟာ အစိုးရအနေနဲ့ အချိန်ကာတခု သတ်မှတ်ပြီး အတိုးနှုန်း တိတိကျကျနဲ့ ပြည်သူတွေထံကနေ တရားဝင်ချေးယူပြီး အစိုးရဘဏ္ဍာငွေ လိုအပ်ချက်ကို ဖြည့်တင်းခဲ့တာ ဖြစ်တယ်လို့ အစိုးရ တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောခဲ့တာပါ။

“ကျနော်တို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာဆိုရင် အစိုးရငွေတိုက်စာချုပ်ကို မြန်မာငွေ ၁၂၀၀ ဘီလီယံ ရောင်းချပြီးခဲ့ပါပြီ။ နောက်ပြီးတော့ အစိုးရငွေတိုက်လက်မှတ်ကို အဲဒီနှစ်မှာပဲ ကျနော်တို့ မြန်မာငွေ ၃၆၂၂ ဘီလီယံ ကျနော်တို့ ဈေးကွက်ထဲကို ရောင်းချပြီးပါပြီ။ ဒီငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်တွေ ရောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံတော်ကနေပြီးတော့ ပြည်သူတွေဆီက ငွေချေးတာနဲ့ အတူတူပါပဲ။ အဲဒါကြောင့်မို့ စောစောက ကျနော်ပြောတဲ့ နိုင်ငံတော်ကနေ ပြည်သူတွေဆီက ချေးပြီးတော့ နိုင်ငံတော်က လိုအပ်နေတဲ့ ဘတ်ဂျက်လိုငွေကိုလည်း ပြန်ပြီးတော့ တစိတ်တဒေသ ဖြည့်တင်းနိုင်တာဖြစ်တဲ့အတွက် ဒီငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေကို တိုးချဲ့ဆောင်ရွက်သွားဖို့လည်း အစီစဉ်ရှိပါတယ်။”

နိုင်ငံတော်အစိုးရက ရောင်းချပေးတဲ့ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေကိုတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထုတ်ဝေပေးတာဖြစ်ပြီး သက်တမ်း ကာလကိုတော့ ၃ လကနေ ၂ နှစ်အထိ သတ်မှတ်ထားပါတယ်။ အတိုးနှုန်းအနေနဲ့ကတော့ ကာလသတ်မှတ်ချက်အပေါ် မူတည်ပြီး ၇ ရာခိုင်နှုန်းကနေ ၉ ဒသမ ၆ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013