DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာတွင် ရဲဝန်ထမ်းရေကန်တူးသည့်ကိစ္စ မြေပိုင်ရှင်တောင်သူများ တားမြစ်
DVB
·
May 2, 2017
ရွှေပြည်သာတွင် ရဲဝန်ထမ်းရေကန်တူးသည့်ကိစ္စ မြေပိုင်ရှင်တောင်သူများ တားမြစ်
1 / 2
Donate to DVB

 

ရန်ကုန်မြို့  ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာမှာ ဒီနေ့ မနက်က ရဲဝန်ထမ်း မိသားစုလိုင်းခန်း ရေကန်တူးဖော်ဖို့လုပ်ဆောင်ရာကနေ မူလ လယ်ပိုင်ရှင်တွေက တားမြစ်တဲ့အတွက် လယ်ပိုင်ရှင်နဲ့ ရဲတပ်ဖွဲ့ကြား တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မနက် ၁၀ နာရီကျော်က သစ်တောလုံခြုံရေးရဲတပ်ဖွဲ့က ဒု-ရဲမှူး ကိုကိုဇော်တို့ အဖွဲ့က  မြေတူးဖို့ စက်ယန္တရားတွေနဲ့သွားရောက်စဉ် ဒေသခံတောင်သူတွေက တားမြစ်ခဲ့တာပါ။

လာရောက်တားမြစ်သူ တောင်သူဦးမြင့်ကျော်သူက ဒီနေရာမှာ ရဲတပ်ဖွဲ့တွေ အသုံးမပြုတော့တဲ့ နေရာပြန်ပေးဖို့၊ အသုံးပြုပြီး မြေကိုလည်း လျှော်ကြေးပြန်ပေးဖို့နဲ့ လက်ရှိ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် မြေတူးတာတွေ ဆက်မလုပ်ဖို့ တားမြစ်တာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က ကျနော်တို့ရှေ့မှာ ၄ လွှာတိုက်ခန်း ၂ လုံးဆောက်လိုက်တယ်။ ၄ လွှာတိုက် ခန်း ၂ လုံး ဆောက်လိုက်တယ်ခင်ဗျာ။ ဆောက်ပြီးသွားတော့ သူတို့ တပ်ဖွဲ့ဝင်တွေ သောက်သုံးရေ လိုအပ်တယ်ဆိုပြီးတော့ ၄ လွှာတိုက်ခန်းရဲ့ ပေ ၅၀၀၊ ပေ ၇၀၀ ကြားမှာရှိတဲ့ အကွာအဝေးက မြေကြီးကိုကုပ်ပြီး ရောင်းစားဖို့အတွက် သူတို့ကလုပ်လို့ ကျနော်တို့က တားတာပါ။ ကျနော်တို့ ကတော့ လက်ရှိပလပ်ကျန်မြေကိုတော့ ကျနော်တို့ ပြန်လိုချင်ပါတယ်။  တပ်ဖွဲ့ဝင်တွေအတွက် အသုံးပြုသွားတဲ့မြေနေရာကိုတော့ ကျနော်တို့ လျော်ကြေးငွေနဲ့ ပြန်လိုချင်ပါတယ်ပေါ့။ ကျနော်တို့ လိုချင်တာက ၂ မျိုးပေါ့။  အဆောက်အဦဆောက်ထားတဲ့နေရာကို လျော်ကြေးပေး။ ကျန်တဲ့ ပလပ်မြေတွေကို မြေပြန်ပေးဆိုပြီးတော့ တောင်းဆိုစာတင်ထားပါတယ်။ ကျနော်တို့ စာတင်ထား တဲ့ အချိန်မှာပဲ သူက မြေကြီးဝင်ကုပ်ဖို့လုပ်နေတာ။ ”

ပြည်တော်သာကျေးရွာက တောင်သူ ၇ ဦးပိုင် လယ်မြေ ၂၉.၃၉ ဧကကို  လွန်ခဲ့တဲ့ ၁၉၉၆ နှစ်လောက်က ရဲတပ်ရင်း ၁ ကနေပြီး တပ်အတွက်လို အပ်မြေဆိုပြီး လျော်ကြေးတစုံတရာမပေးဘဲ သိမ်းယူခဲ့ပါတယ်။

ရဲတပ်ရင်း ၁ ကနေဆင့် ရဲတပ်ကြပ်သင်တန်းကျောင်းကို ပြန်လည်လွှဲပြောင်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တော့ ရဲတပ်ကြပ်သင်တန်းကနေတဆင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ခွဲကို ပြန်လည်လွှဲပြောင်းခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့မိသားစုနေထိုင်ဖို့ လိုင်းခန်းကို တည်ဆောက်ထားပြီး အဲဒီမိ သားစု ၀င်တွေသောက်သုံးရေကန်အတွက် ရေတူးမှာဖြစ်ပြီး ချိုင့်မြေတွေကို ပြန်လည်ဖို့မှုတွေ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့က ဒု-ရဲမှူး ကိုကိုဇော်က ပြောပါတယ်။

ဒါကြောင့် လက်ရှိမြေကို ပြန်လည်ပေးမှာ မဟုတ်ဘဲ လျော်ကြေးငွေနဲ့သာ ပြန်ပေးဖို့ ပြောဆိုထား တယ်လို့လည်း ဒု-ရဲမှူး ကိုကိုဇော်က ပြောပါတယ်။

“အဲဒီမြေပေါ်မှာ သူတို့မြေပါတယ်ပေါ့ဗျာ။ ပါတဲ့အတွက်ကြောင့် သူတို့က လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ လျော်ကြေးရရှိလိုတယ်လို့ သူတို့က ပြောလာတယ်။ ပြောလာတဲ့ပေါ်မှာ ကျနော်တို့ ရန်ကုန်တိုင်းမှူးကနေပြီး တိုင်းလွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် အရင်တုန်းက တဧကကို ၂၅ သိန်း ပေးမယ်ဆိုပြီးတော့ အကြောင်းပြန်ထား တာရှိပါတယ်။ အဲဒါကို မကျေနပ်လို့ဆိုပြီးမှ သူတို့က ထပ်တင်ထားတာရှိတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဒီမြေနဲ့ပတ်သက်ပြီးမှ ရှင်းရှင်းပြောရင်တော့ မြေကိုပြန်ပေးဖို့ သူတို့ တောင်းဆိုထားတဲ့ အပေါ်မှာတော့ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးကနေပြီးမှ ၂၀၁၆ ကျနော်တို့ကို လွှဲပြီးတဲ့ နောက်ပိုင်းမှာ ထွေအုပ်ရုံးမှာ ကျနော်တို့ အစည်းအဝေးလုပ်တော့ ပြည်ထဲရေးဝန်ကြီးရဲ့ မှတ်ချက်အရ မြေများကို ပြန်လည်ပေးခြင်းမပြုဘူး၊ ပလပ်မြေများကို ပြန်ပေးခြင်းမပြုဘူး။ တပ် အသစ်ဖွဲတော့ ဒါနဲ့ပတ်သက်ပြီး အဆောက်အဦတွေ ဆောက်ဖို့ရှိတယ်လေ။ အဲဒီလိုရှိတဲ့ အခါကျတော့ ဒါကို ၀န်ကြီးရဲ့အမိန့်အရ ပလပ်မြေကို ပြန်လည်ပေးအပ်ခြင်းမပြုဘူး။ လျော်ကြေးငွေနဲ့တောင်းပါဆိုတဲ့ အကြောင်းရှိထားတယ်။ အဲဒါကိုကျနော်တို့ ပြောထားပြီးသား တပ်ကနေပြီးတော့မှလည်း အခု အဆောက်အဦး ၂ လုံးလည်း ဆောက်ထားပြီးသွားပြီ။ ၄ ခန်းတွဲ ၄ ထပ် ၂ လုံးဆောက်ပြီးပြီ။  နောက်တခါ ကျနော်တို့ သောက်သုံးရေကန်တူးဖို့လုပ်တဲ့အချိန်မှာ သူတို့က လာပြီးဟန့်တားတာ။”

လတ်တလောမှာတော့ ဒေသခံတောင်သူတွေက မြေဆက်မတူးဖို့  သပိတ်စခန်းဖွင့် ဟန့်ထားပြီး ရဲမှူး ဘက်ကတော့ သူတို့အနေနဲ့ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013