DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့တွင် ဆန္ဒတော်ပြည့် အခမဲ့ပညာဒါန ဘာသာစုံသင်ကျောင်း စတင်ဖွင့်လှစ်
DVB
·
May 2, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဆန္ဒတော်ပြည့် အခမဲ့ပညာဒါန ဘာသာစုံသင် ကျောင်းက ဆင်းရဲနွမ်းပါးတဲ့ နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူတွေကို ဒီကနေ့ မနက် စတင်သင်ကြားပါတယ်။

ဒီကျောင်းကို ဆန္ဒတော်ပြည့် ဆရာတော် ဦးဆောင်ပြီး Prime Promoters စာကြည့်တိုက်၏ ကူညီပံပိုးမှုနဲ့ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ကျောင်းဆရာ ဦးမင်းမင်းမျိုးက “ကျနော်တို့ အဓိကရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါပြီး ပညာရေးကို ဆက်လက်မသင်ကြားနိုင်တဲ့ ကလေးတွေအတွက် ရည်ရွယ်တာပါ။ မြင်းခြံမြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ကလေးတွေကို ပညာဆက်လက် သင်ကြားနိုင်ဖို့ အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ပေးတာ ဖြစ်ပြီး ပြီးခဲ့နှစ်တွေကတော့ ၉ တန်းမှာ ရာနှုန်းပြည့် အောင်ချက်ကောင်းခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

Prime Promoters စာကြည့်တိုက်ဟာ ယခုအကြိမ်ပါနဲ့ဆို ပညာသင်နှစ် ၃ နှစ်ဆက်တိုက် ထောက်ပံ့ကူညီနေတာဖြစ်ပါတယ်။ ပထမနှစ်မှာ ကျောင်းသား ကျောင်းသူ ၇၀၊ ဒုတိယနှစ်မှာ ကျောင်းသား ကျောင်းသူ ၁၃၅ ယောက်တို့ကို အသီးသီးသင်ကြားပေးခဲ့ပြီး အခု ပညာသင်နှစ်မှာတော့ ကျောင်းသား ကျောင်းသူ ၁၃၃ ကို လက်ခံသင်ကြားပေးနေပါတယ်။ လက်ရှိမှာ ဆရာ၊ ဆရာမ ၉ ယောက်နဲ့ သင်ကြားပေးနေပြီး လိုအပ်ရင် ထပ်မံ ဖြည့်ဆည်းသွားမယ်လို့ သိရပါတယ်။

Prime Promoters မှ ဒေါက်တာစောရဲဝင်းက “ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ၈ တန်းအထိ ပညာသင်ကြားလာတဲ့ ကလေးတွေဟာ ၉ တန်း ၁၀ တန်းရောက်တာနဲ့ ပညာရေး အဆက်ပြတ်သွားကြတယ်။ ၉ တန်း၊ ၁၀ တန်းအတွက် ဘာသာစုံ ခုလို အခမဲ့ ဖွင့်ပေးလိုက်တော့ သူတို့တွေအတွက် အဆင်ပြေသွားကြတာပေါ့။ ၁၀ တန်းအောင်သွားပြီး နောက်ဆုံး ဘွဲ့တခုခု ရသွားခဲ့ရင်လည်း အလုပ်ရဖို့လည်း အဆင်ပြေသွားတာပေါ့။ အဓိကပညာရေးကို ဆက်လက် သင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားပေးတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြင်းခြံမြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၈ ကျောင်းမှာ ဆရာ၊ ဆရာမ ၅၆ ဦးက ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၄၀၀ ကျော်ခန့်ကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013