DVB Logo
Home
မြန်မာသတင်း
အာဆီယံဒေသတွင်း သတင်းထောက်များ၏ လုံခြုံရေး အလေးထားဆောင်ရွက်ရန်လိုအပ်
DVB
·
May 2, 2017
အာဆီယံဒေသတွင်း သတင်းထောက်များ၏ လုံခြုံရေး အလေးထားဆောင်ရွက်ရန်လိုအပ်
Donate to DVB

 

အာဆီယံဒေသအတွင်းမှာ သတင်းစာလွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်ပေးဖို့ လိုအပ်နေသလို၊ သတင်းထောက်တွေရဲ့ လုံခြုံရေးကိုလည်း အာရိုစိုက်လုပ်ဆောင်ပေးဖို့ လိုနေတယ်လို့ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့အကြို ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျက်ကာတာမြို့မှာ ကျင်းပ နေတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ထောက်ပြကြပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို ကုလသမဂ္ဂ UNESCO အဖွဲ့၊ အင်ဒိုနီးရှားအစိုးရနဲ့ ကမ္ဘာတလွှားက သတင်းစာလွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုပေါင်းပြီး မေလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာ  ကျင်းပဖို့ရှိပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးမှာတော့ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ရင်ဆိုင် နေရတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးပြဿနာကို အဓိကဆွေးနွေးကြတာဟာ သူတို့ရဲ့လုံခြုံရေး အတွက် ဘယ်လို ကာကွယ်ပေးနိုင်မလဲ ဆိုတာ နည်းလမ်းရှာဖို့ ဖြစ်ပါတယ်။

ဒီနှစ် သတင်းစာလွတ်လပ်ခွင့်နေ့အတွက် UNESCO က သတ်မှတ်ထားတဲ့ ဆောင်ပုဒ်ကတော့ ငြိမ်းချမ်း၊ တရားမျှတ၊ အားလုံးပါဝင်တဲ့ လူ့အဖွဲ့စည်း ဖော်ဆောင်ရေးအတွက် မီဒီယာ အခန်းဏ္ဍ ဖြစ်ပါတယ်။

ဂျာကာတာမှာ ကျင်းပတဲ့ သတင်းစာလွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို ဒီဗွီဘီ သတင်းဌာနအပါအ၀င် မြန်မာနိုင်ငံက သတင်းသမား ၁၀ ယောက်လောက် တက်ရောက်နေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013