DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးကန်ထရိုက်အလှူခံစနစ် ဖျက်သိမ်းပြီးနောက် ကျပ်သိန်း ၄ သောင်းကျော် အလှူငွေရရှိ
DVB
·
May 2, 2017
Donate to DVB

ကန်ထရိုက်စနစ်နဲ့ အလှူခံ ဖျက်သိမ်းပြီးနောက် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် တောင်ဖွင့် တောင်ပိတ် ဘုရားဖူးကာလမှာ ကျပ်သိန်းပေါင်း ၄ သောင်းကျော် အလှူငွေကောက်ခံ ရရှိခဲ့တယ်လို့ ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ပြောပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်နယ်မြေမှာ ကန်ထရိုက်စနစ်နဲ့ အလှူခံတာကို ပိတ်သိမ်းခဲ့ပြီး ပထမဦးဆုံးနှစ်ဖြစ်တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် ကျိုက်ထီးရိုးဆံတောင်ရှင် တောင်ဖွင့် တောင်ပိတ်ကာလအတွင်းမှာ ကျပ်သိန်းပေါင်း ၄ သောင်း ကျော် ရရှိခဲ့တာပါ။

မနှစ်က ဂေါပကလက်ထက်မှာ တနှစ်လုံး အလှူငွေ ကောက်ခံရရှိငွေက သိန်း ၄၈၉၃ သာ ရရှိခဲ့ပါတယ်။ အခုက ယာယီ ဂေါပကအဖွဲ့ပါ။

ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ခွဲရုံးမှ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးမင်းသိန်းက ''ကန်ထရိုက်စနစ် ဖျက်သိမ်းပြီးမှ အလှူငွက အရင်နှစ်တွေကထက် အများကြီးပါရရှိခဲ့တာပါ။ ဒါက ပထမဦးဆုံး ကန်ထရိုက်စနစ်ဖျက်သိမ်းပြီး ဘုရားဖူးကာလမှာပေါ့။ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းတယ်။ ကန်ထရိုက်တုန်းကဆို ကန်ထရိုက်က တနေရာကို သိန်းခြောက်ဆယ်ပေးပြီး အလှူခံတယ်ပဲ ဥပမာထားပါ။ သူတို့က အလှူခံတာ သိန်း ၁ ရာရလည်း ဘုရားအတွက် မလှူတော့ဘူးလေ။ အခုကကျတော့ အလှူခံလို့ရသမျှ ဂေါကပအဖွဲ့ကပဲ စိစစ်ပြီး ဘုရား အတွက် လိုအပ်တာတွေ လုပ်လို့ရတယ်။ နှစ်စဉ် ဘုရားဖူးက သိန်းနှစ်ဆယ် လောက်လာတာပဲ။ ဒါပေမယ့် အလှူငွေကကျတော့ အများကြီးပိုလာတယ်။ ဒီနှစ်တောင်ပိတ်ဖို့ရက်ကလည်း ရက် ၂၀ လောက်ပဲလိုတော့တာ အခုခန့်မှန်းချေအလှူငွေ သိန်းလေးသောင်းကျော်လောက် ကောက်ခံရရှိ ထားပါတယ်''လို့ ဆိုပါတယ်။

ကန်ထရိုက်စနစ် ဖျက်သိမ်းပြီးနောက် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ရင်ပြင်တော်ပေါ် မှာသာ အလှူခံပုံး ၃၃ ခုထားရှိကာ အလှူခံတာတွေ ပြုလုပ်နေပြီး တခြားကျိုက်ထီးရိုး တောင်တော်နယ်မြေများမှာ အလှူခံတာ မပြုလုပ်တော့ပါဘူး။

ကျိုက်ထီးရိုးစေတီမှာ နှစ်စဉ် တောင်ဖွင့်ကာလကို သီတင်းကျွတ်လပြည့်နေ့ကနေ တောင်ပိတ် ကာလကို ကဆုန်လပြည့်နေထိ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013