DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်
DVB
·
May 2, 2017
Donate to DVB

ပဲခူးတိုင်းသေကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၇/၂ နဲ့ ၁၂၇/၃ ကြားမှာ မေ ၁ ရက်နေ့ည ၉ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ရန်ကုန်ဘက်မှ မန္တလေးဘက်ကို ပဲနွယ်ကုန်းမြို့၊ သံပရာခုံကျေးရွာနေ ယာဉ်မောင်းငစိန် မောင်းပြီး ပဲနွယ်ကုန်းမြို့၊ သံပရာခုံကျေးရွာနေ ဇော်လင်းထိုက် လိုက်ပါလာတဲ့ NEW HI BO BO- WAVE 110 ဆိုင်ကယ်ဟာ လမ်းအရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို ချိုးကွေ့စဉ် နောက်မှ လားရာတူ မောင်းနှင်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း မောင်ဦး မောင်းနှင်တဲ့ နေကြာ EXPRESS ယာဉ်တို့ တိုက်မိခဲ့တာပါ။

တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက “ဆိုင်ကယ်သမား နှစ်ယောက်က ရှေ့ကား နောက်ကဗျ။ အဲဒီနေရာရောက်တဲ့အချိန်မှာ ဆိုင်ကယ်က ဖြတ်ကွေ့ တယ်။ အဲဒီမှာ နေကြာကားက မျှောပြီးလိုက်သွားတာ။ နောက်တော့ လမ်းဘေးရောက်သွား တယ်။ တယောက်ကတော့ နေရာမှတင် ဆုံးတယ်ဗျ။ နောက်တယောက်ကလည်း ဒဏ်ရာပြင်း တယ်၊ စိုးရိမ်ရတယ်ပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း ငစိန်မှာ ဦးခေါင်းကြေမွ ဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာတွေ ရရှိပြီး နေရာမှာပင် သေဆုံးသွားခဲ့ပါတယ်။ ဆိုင်ကယ်နောက်မှာ လိုက်ပါလာသူ ဇော်လင်းထိုက်မှာလည်း ဒဏ်ရာတွေ ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်ရပြီး  ခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၃၀ ကတော့ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ တို့ဖြင့် နေကြာ EXPRESS ယာဉ်မောင်း မောင်ဦးကို အမှု့ဖွင့် အရေးယူဆောင်ရွက်ထားထားတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်( ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013