DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့အနီး ယာဉ် ၃ စီးဆင့်တိုက်၊ ၃ ဦး ဒဏ်ရာရ
DVB
·
May 1, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ထော်လာဂျီကို နောက်က လိုက်ပါလာတဲ့ နစ်ဆန်းအမျိုးအစား ၁၈ ဘီးကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာပါ။ ထော်လာဂျီယာဉ်ဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ဟိုင်းလတ်ယာဉ်ကို ဆက်တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်တာကတော့ဗျာ ထော်လာဂျီက ရှေ့က မောင်းလာတာ။ အဲဒီမှာ နောက်ကနေ မောင်းလာတဲ့ တွဲကားကအရှိန်နဲ့ ကျော်တက်တာပေါ့။ အဲဒီမှာ နောက်တွဲနဲ့ ထော်လာဂျီကို တိုက်မိတာ။ အဲဒီမှာ ထော်လာဂျီက သေးတော့ လဲသွားပြီးတော့ လမ်းဘေးက ဟိုင်းလတ်ကားတစီးကို ထပ်တိုက်တာ။ တွဲကားကတော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျသွားတာပါ။”

ထော်လာဂျီယာဉ်မောင်း ကိုအောင်ဝင်းက နှာခေါင်းသွေးထွက်၊ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲနဲ့ တခြားဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရပြီး ယာဉ်ပေါ်ပါ မစိုးစိုးနဲ့ မစန်းအေးတို့ကတော့ ဒဏ်ရာတွေ ရခဲ့ကြပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘဲ ကျောက်တံခါး ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေပါတယ်။

ယာဉ်(ပ)၂၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ဝင်းကို ကျောက်တံခါးမြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။

သတင်း - ကျော်အောင်(ကညွှတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013