DVB Logo
Home
မြန်မာသတင်း
သီပေါမြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်၊ ​လူ​နေအိမ်​များပျက်​စီးဆုံးရှုံး
DVB
·
May 1, 2017
သီပေါမြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်၊ ​လူ​နေအိမ်​များပျက်​စီးဆုံးရှုံး
1 / 12
Donate to DVB

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း သီ​ပေါမြို့နယ်​ နမ့်​လန်​လမ်းခွဲ နားမ​ခေါ်ရွာမှာ မနေ့ညနေက လေပြင်း ဝင်​​ရောက်​ခဲ့တာကြောင့် ​နေအိမ်​ ၃၇အိမ်​လောက်နဲ့ စာသင်ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးသွား​တယ်​လို့ ဒေသခံတွေထံက သိရပါတယ်။

သီ​ပေါအခြေစိုက် နယ်​စီးမခြားပရဟိတအဖွဲ့က ကိုမျိုးက " ထိခိုက်​မှု အ​သေးအကြီး အကုန်​လုံး​ပေါင်း ၃၇အိမ်​ ပျက်​စီးသွားတယ်​။ အဓိကက​တော့ အမိုး​တွေ အကုန်​လန်​သွားတာ။ လူထိခိုက်​တာ​တော့ မရှိဘူး။ အဆိုးဆုံးက​တော့ စာသင်​​ကျောင်း ​တော်​​တော်​ထိခိုက်​သွားတယ်​။ ထိခိုက်​သွားတဲ့ အိမ်​​တွေရဲ့ လူဦး​ရေက​တော့ ၁၂၅​ယောက်​​လောက်​ရှိတယ်​ ။ ခန့်​မှန်း​ပေါ့" လို့ ​ပြောပါတယ်​။

လေပြင်း ဝင်​​ရောက်​တိုက်ခတ်ချိန် ၁၀မိနစ်​ခန့်​သာ ကြာခဲ့​ပေမယ့်​ ပြင်းထန်​တဲ့အတွက်​ ​နေအိမ်​တွေပျက်​စီးခဲ့ရတာဖြစ်ပြီး လူတွေ ထိခိုက်​ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်​။

ပျက်​စီးဆုံးရှုံးသွားတဲ့ စာသင်​​ကျောင်း ​ခေါင်​မိုးပြင်ဆင်ဖို့အတွက်​ ပရဟိတ အဖွဲ့က စီစဉ်နေပြီး အလှူရှင်​တွေ လိုအပ်​နေပါတယ်​။
သတင်း - နိုင်​နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013