DVB Logo
Home
Lead Story
မဒီပြန်ဆိုတဲ့ ဒီဒို၏ " Thank You " သီချင်း လူမှုကွန်ရက်တွင် ရေပန်းစားနေ (ရုပ်သံ)
DVB
·
May 1, 2017
မဒီပြန်ဆိုတဲ့ ဒီဒို၏ " Thank You " သီချင်း လူမှုကွန်ရက်တွင် ရေပန်းစားနေ (ရုပ်သံ)
Donate to DVB

မြန်မာတေးချစ်ပရိတ်သတ်တွေနဲ့ နှစ်အတန်ကြာအဆက်ပြတ်နေတဲ့ အမေရိကန်ရောက် အဆိုတော် မဒီဟာ ကမ္ဘာကျော် တေးသံရှင် Didoရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့  " Thank You " သီချင်းကို ပြန်လည်သီဆိုပြီး လူမှုကွန်ရက်မှာ တင်ခဲ့ရာမှာ လူကြိုက်များနေပါတယ်။

ဒီသီချင်းကို  မဒီက သီဆိုကာ ကိုဇော်လတ်က တီးခတ်ပေးထားတာဖြစ်ပြီး ဧပြီ ၂၇ရက် လူမှုကွန်ရက်မှာ စတင်ချိန်ကနေ ဒီကနေ့ထိ  Like လုပ်သူပေါင်း  13K နဲ့ Share လုပ်သူပေါင်းက ၆၆၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

အဆိုတော်မဒီဟာ အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်တစ်ခုကျော် အခြေချနေထိုင်ခဲ့ပြီးနောက် မကြာသေးခင်က  မြန်မာပြည်ကို  ပထမဆုံးအကြိမ် ပြန်ရောက်လာပြီး သီချင်းတွေ အပျော်တမ်းသီဆိုကာ လူမှုကွန်ရက်ကနေ သူ့ရဲ့ ပရိတ်သက်တွေ နားဆင်နိုင်ဖို့  မျှဝေပေးခဲ့တာဖြစ်ပါတယ်။

မဒီက “အခု ROS Band က ကိုဇော်လတ်တို့ရဲ့ ဂီတစွမ်းရည် အကူအညီကိုယူပြီး ပရိတ်သတ်များ တောင်းဆိုထားတဲ့ မြန်မာသီချင်းအချို့ကိုလည်း အသံသွင်းဖို့ တိုင်ပင်နေပါတယ်။ ဒါဟာ မဒီ့အတွက်တော့ ကမ္ဘာ့ရှေ့ခြမ်းနဲ့ နောက်ခြမ်း မိုင်ပေါင်း ၇၄၀၀ လောက်ဝေးတဲ့ နေရာနှစ်ခု ကို တံတားထိုးပြီး သီချင်းဆိုတဲ့သူနဲ့ ဂစ်တာပညာရှင်တို့ သီချင်းတစ်ပုဒ်ကို ဖန်တီးကြတဲ့ ပထမဆုံး အတွေ့အကြုံပါပဲ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013