DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ရှေ့တန်းပြန် တပ်မတော်သား ၁ ဦး သတ်သေ
DVB
·
May 1, 2017
မိတ္ထီလာတွင် ရှေ့တန်းပြန် တပ်မတော်သား ၁ ဦး သတ်သေ
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ  ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီလောက်က စစ်သက် ၄ နှစ်သက်တမ်းရှိပြီး အသက် ၂၃ နှစ်အရွယ် ရှေ့တန်းပြန် တပ်မတော်သား ၁ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်း ရဲအုပ်ဇော်မိုးလွင်က “မိတ္ထီလာမြို့ ပေါက်ချောင်းကွက်သစ် ညောင်လွန့်ဘုန်းကြီးကျောင်းအနီး နယ်မြေ ၁၃ မှာ နေထိုင်တဲ့ ခလရ ၇၉ မှ တပ်သား အောင်အောင် ကိုယ့်ရင်ဘတ်ကိုယ် ဓားနဲ့ထိုးလို့ သေဆုံးသွားတယ်။ ရှေ့တန်းက ပြန်ရောက်တာ ၂ ရက်လောက်ပဲ ရှိသေးတယ်။ ရင်ဘတ်ဘယ်ဘက်ကို လေးချက်ထိုးသွင်းတယ်။ မိတ္ထီလာ တပ်မတော်ကုတင် ၅၀၀ ဆေးရုံပို့ ပေးရတယ်”လို့ ပြောပါတယ်။

ဘာကြောင့်ခုလို သတ်သေရတယ်ဆိုတဲ့ အသေးစိတ်အကြောင်းအရာတွေကတော့ မသိရသေးပါဘူး။ ဒီအမှုနဲ့ပတ်သက်ပြီး  မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။

သတင်း - မောင်မောင်လင်း (၀မ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013