DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအမြတ်မထုတ်ရန် အလုပ်သမားအဖွဲ့များကို သမ္မတကမေးဒေးနေ့၌သတိပေး
DVB
·
May 1, 2017
ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအမြတ်မထုတ်ရန် အလုပ်သမားအဖွဲ့များကို သမ္မတကမေးဒေးနေ့၌သတိပေး
Donate to DVB

အလုပ်သမားအဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတာအထူးသတိပြုကြဖို့ နိုင်ငံတော်  သမ္မတဦးထင်ကျော်က သတိပေးပြောကြား လိုက်ပါတယ်။

ဒီကနေ့ မေလ ၁ရက်နေ့မှာ  ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့  သဝဏ်လွှာမှာ သမ္မတက ခုလို ပြောကြားထားတာဖြစ်ပါတယ်။

“အလုပ်သမားများအနေနဲ့ ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေနဲ့အညီ အဖွဲ့အစည်းဝင် အလုပ်သမားများ ကိုယ်တိုင် ဖွဲ့စည်းပုံ စည်းမျဉ်းနဲ့ လုပ်ငန်းစဉ်များကို ချမှတ်ပြီး လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုက်အဝန်း၊ ကိုယ့်အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွား ဖော်ဆောင်ပေးဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ဖွဲ့စည်းထားခြင်း မဟုတ်သလို အထူးသတိပြုကြဖို့ လိုအပ်မှာဖြစ်ပါတယ်။”

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလုပ်သမားနဲ့ အလုပ်ရှင်တွေပူးပေါင်းပြီး  ပြိုင်တူ ကြိုးပမ်းအားထုတ်ကြဖို့လည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က  တိုက်တွန်းပြောပါတယ်။

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်သမားများရဲ့ လုပ်အားနဲ့ အကောင် အထည်ဖော်ရာမှာ အလုပ်သမားထုရဲ့ အင်အားက အဓိကကျသလို အလုပ်သမားတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ အလုပ်ရှင် ဆိုတာကလည်း မရှိမဖြစ်တဲ့ မိတ်ဖက်တစ်ဦး ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့အချက် ဖြစ်ပါတယ်။ ဒီမိတ်ဖက် နှစ်ဦးရဲ့ ဟန်ချက်ညီတဲ့ တွန်းအားက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့အရွေ့ကို ဖြစ်ပေါ်စေမယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါကြောင့် နိုင်ငံတကာမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နေမှုများကို စံနမူနာယူပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တူညီတဲ့ အင်အားနဲ့ ပြိုင်တူ ကြိုးပမ်း အားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းပါတယ်”

ဒီကနေ့ ကျရောက်တဲ့  ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ကျင်းပကျသလို မြန်မာနိုင်ငံမှာလည်း ရန်ကုန်အပါအ၀င် ပြည်နယ်နဲ့တိုင်း အသီးသီးက မြို့တွေနယ်တွေမှာလည်း အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013