DVB Logo
Home
မြန်မာသတင်း
အမေရိကန်တွင် မြန်မာနိုင်ငံသားတဦး ဓားပြတိုက်ခံရပြီး ပစ်သတ်ခံရ
DVB
·
April 30, 2017
အမေရိကန်တွင် မြန်မာနိုင်ငံသားတဦး ဓားပြတိုက်ခံရပြီး ပစ်သတ်ခံရ
Donate to DVB

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဒီမွိုင်မြို့နေ မြန်မာပြည်ကနေ ရွှေ့ပြောင်းနေထိုင်တဲ့ ဇိုမီးလူမျိုး စတီဗင်ကင်မ်ဆိုသူဟာ ဓားပြတိုက်ခံရပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရလို့ သေဆုံးသွားပါတယ်။

အသက် ၄၁ နှစ်အရွယ် စတီဗင်က ပြီးခဲ့တဲ့အပတ်က ကလေးတွေရဲ့ ကျောင်းတွင်းလှုပ်ရှားမှုအခမ်းအနားမှအပြန် သား ၃ ဦးကို ကားနောက်ခန်းထဲမှာ ထားပြီး ဇနီးကို ကားပေါ်က စောင့်နေစဉ် ဓားပြတိုက်ခံခဲ့ရပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ နိတ်စ်ရှာ့က် အင်တာနက်သတင်းစာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီဓားပြတိုက် သေနတ်ပစ်ခတ်မှုမှာ လူ ၄ ဦး ပါဝင်ပတ်သက်တယ်လို့ ဒီမွိုင်မြို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကင်မ်အသတ်ခံရမှုက အိုင်အိုဝါပြည်နယ်ရဲ့ မြို့တော်မှာ ဒီနှစ်အတွင်း ၁၁ ခုမြောက် လူသတ်မှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လူသတ်မှု ၁၃ မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကင်မ်က “ကြင်နာတတ်တယ် အလုပ်ကြိုးစားပြီး သားတွေအတွက် ဖခင်ကောင်းတစ်ဦးပါ” လို့ ကျောင်းရဲ့ကျောင်းအုပ်ကြီးကလည်း ပြောပါတယ်။

ကင်မ်နဲ့ဇနီးဖြစ်သူတို့ဟာ ဇိုမီးလူမျိုးဖြစ်ပြီး   ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းခိုလှုံလာတာလို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013