DVB Logo
Home
မြန်မာသတင်း
ဦးဘုန်းမော်ရွှေ ကတိအတိုင်း ကားလာအပ်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော (ရုပ်သံ)
DVB
·
April 30, 2017
ဦးဘုန်းမော်ရွှေ ကတိအတိုင်း ကားလာအပ်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော (ရုပ်သံ)
Donate to DVB


by dvburma
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေဟာ သူ့ကတိအတိုင်း ယာဉ်ယန္တရားနဲ့ ကားတွေ လာအပ်သွားပြီလို့ လက်ရှိ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

လုပ်ငန်းသုံးယာဉ်ယနရားတစီးနဲ့ ကားတွေကို မနေ့က လာပေးသွားတာလို့ သူက ပြောပါတယ်။

“မနေ့က သူတို့ ကတိက၀တ်ပေးထားတဲ့အတိုင်းပဲ လာပို့သွားပါပြီ၊ ဘက်ဟိုး ၁ စီး၊ အီဇူးဇူးဒယ်ဘယ်လ်ကက် ၁ စီး၊ နောက်တခါ မိုက်ကရိုဘတ်စ် ခေါ်တဲ့ အံဇာတုံးခေါ်တဲ့ ကား ၃ စီး ပေါ့ ပေးသွားပြီ၊ ကျန်တဲ့ ပဲ့ထောင်လို့ပြောတဲ့ ရေဘုတ်ကလေးတွေကတော့ မြစ်ကြောင်းက ထိမ်းသိမ်းထားတယ် ပြောပါတယ်”

မေလဆန်းမှာ ငွေကျပ် သိန်း ၅၀၀၀၊ ဇူလိုင်မကုန်မီ ကျပ် သန်း ၃၀၀၀ ကျော် ပေးမယ်လို့ ကတိပေးထားတယ်၊ အခုလို ကတိအတိုင်း ပစ္စည်းတွေ ပြန်ပေးလို့ ကျေးဇူးတင်တယ်လို့လည်း ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းတွေက ကောက်ခံခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုကို တိုင်းအစိုးရသစ်က ၂၀၁၇ ဇန်နဝါရီအတွင်း တွေ့ရှိခဲ့ပြီး ပြည်ထောင်စု အစိုးရထံ တင်ပြပြီး စစ်ဆေးခဲ့တဲ့အခါ ငွေကျပ် ၇ ဒသမ ၄၅၉၆ ဘီလီယံ ပျောက်ဆုံးနေတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇော်ဖေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013