DVB Logo
Home
နိုင်ငံရေး
ကာဂျစ်စတန်တွင် မြေပြိုမှုကြောင့် ၂၄ ဦး ပျောက်ဆုံး
DVB
·
April 30, 2017
ကာဂျစ်စတန်တွင် မြေပြိုမှုကြောင့် ၂၄ ဦး ပျောက်ဆုံး
Donate to DVB

ကာဂျစ်စတန်နိုင်ငံ အနောက်တောင်ပိုင်းက ရွာတရွာမှာ ဧပြီ ၂၉ ရက်နေ့က မြေပြိုတာကြောင့် လူအနည်းဆုံး ၂၄ ယောက် ပျောက်ဆုံးနေပြီး အိမ်ခြေ ၁၁ လုံးလည်း ပျက်စီးတယ်လို့ အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။

မိုးသည်းလို့ မြေပြိုခဲ့တာဖြစ်ပြီး ဘေးသင့် လူဦးရေက ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဝန်ကြီးဌာနက ဆက်ပြောပါတယ်။

အခင်းဖြစ်ရာ နေရာက ဒေသခံတွေကို မြေပြုနိုင်တဲ့ ဘေးတွေ ရှိတယ်လို့ သတိပေးထားပြီး ပတ်ဝန်းကျင်ကို စွန့်ခွာဖို့လည်း ထောက်ခံထားတယ်လို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးရုံးက ပြောပါတယ်။

ဆက်နေဖို့ ဆုံးဖြတ်ကြသူတွေက အန္တရာယ်အကြောင်း အသိပေးခံရပြီးပြီလို့ ပြောထားတဲ့ စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ်ထိုးထားကြတယ်လို့ ပြန်ကြားရေးရုံးက ပြောပါတယ်။

နစ်မြုပ်ရွာကို ပြန်တူးဖို့ အရေးပေါ် ဝန်ကြီးဌာနက ဝန်ထမ်း အယောက် ၁၈၀ ကျော် အလုပ်လုပ်နေတယ်လည်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဒီနှစ်အစောပိုင်းတည်းက အလယ်အာရှနိုင်ငံ ကာဂျစ်စတန်နိုင်ငံရဲ့ အို့ရှ်ဒေသမှာ မြေပြိုမှု အနည်းဆုံး ၂၅ ကြိမ်ကို မှတ်တမ်းတင်ထားပါတယ်။ လူ ၆ ဦး သေဆုံးခဲ့ပြီးပြီလို့ ရုရှားအစိုးရပိုင် ရီယာ သတင်းဌာနက အစီရင်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013