DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ပြန်ရောက်
DVB
·
April 30, 2017
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ပြန်ရောက်
Donate to DVB

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် ၃၀မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ သီးသန့်အစည်းအဝေး၊ အာဆီယံနိုင်ငံ ခေါင်းဆောင်၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံ ပါလီမန် ညီလာခံကိုယ်စားလှယ်များ၊ အာဆီယံလူငယ် ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီတွေ့ဆုံပွဲများ၊ မျက်နှာစုံညီ  အစည်းအဝေးများကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိလစ်ပိုင်ခရီးအတွင်း ဗီယက်နမ်ဝန်ကြီးချုပ်၊ အင်ဒိုနီးရှာသမ္မတနဲ့ ဘရူနိုင်းဘုရင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ၀ီဒိုဒိုနဲ့ တွေ့ဆုံရာမှာ ရခိုင်အရေးကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့လည်း နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲအပြီး ခုချိန်ထိ ကြေညာချက် တစုံတရာ ထွက်ပေါ် မလာသေးဘဲ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုမှာ တရုတ်ရဲ့ ကန့်ကွက်မှုရှိခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013