DVB Logo
Home
မြန်မာသတင်း
မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်ချိန် ဂျပန် ရထားများ ခေတ္တရပ်တန့် (ရုပ်သံ-ဓာတ်ပုံ)
DVB
·
April 29, 2017
မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်ချိန် ဂျပန် ရထားများ ခေတ္တရပ်တန့် (ရုပ်သံ-ဓာတ်ပုံ)
1 / 4
Donate to DVB


by dvburma
မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်ခတ်ချိန် ဂျပန်နိုင်ငံမှာ ကျည်ဆန်ရထား နဲ့ မြေအောက်ရထားတွေ ခေတ္တရပ်တန့်ခဲ့ပါတယ်။

ဧပြီ ၂၉ ရက်မနက် ၆ နာရီမှာ မြောက်ကိုရီးယားဘက်က မြောက်ကိုရီးယားက ဘယ်လစ်စတစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကြေညာအပြီး ဂျပန်နိုင်ငံ ကျည်ဆန်ရထားနဲ့ တိုကျိုမြို့တော် မြေအောက်ရထားအချို့  ရပ်တန့်ကာ စစ်ဆေးစောင်ကြည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရထားပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တိုကျိုမြို့တော် မြေအောက်ရထားတွေကို မနက် ၆ နာရီကနေ ၁၀ မိနစ်ကျော် အန္တရာယ်ရှိမရှိ စောင့်ကြည့်ပြီးမှ ပြန်လည် လည်ပတ်ခွင့်ပြုခဲ့တယ်လို ဆိုပါတယ်။

ဂျပန်အရှေ့ ရထားပို့ဆောင်ရေး တာဝန်ရှိသူတွေကလည်း ကျည်ဆန်ရထားပြေးဆွဲမှုတွေ ကို ပစ်လွှတ်ကြောင်းကြေညာချိန် မနက် ၆ နာရီမှစပြီး ခေတ္တရပ်ဆိုင်းစောင့်ကြည့်ပြီး မှာ ပြန်လည်ပြေးဆွဲခဲ့ပါတယ်။

အခုလို မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှု သတိပေးချက်ကြောင့် ဂျပန်မှာ ပို့ဆောင်ရေးစနစ် ရပ်ဆိုင်းတာဟာ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပြီး ပြည်ပက တကယ်လို့ ပစ်လာခဲ့ရင် ပြန်လည်ချေမှုန်းနိုင်ဖို့ တိုကျိုမြို့တ်ာအပါအ၀င် ဂျပန်နိုင်ငံတ၀ှမ်း ၁၆ နေရာမှာ PAC3 ဒုံးခွင်းဒုံး ပြင်ဆင်ချထားတယ်လို့ ကြေညာထားပါတယ်။

မြို့တော်ပြုံယမ်းမြောက်ဘက် တောင်ပြုံယမ်းခရိုင်ဘက်မှာ ဧပြီ ၂၉ ရက်အစောပိုင်းက ဒုံးကျည်ကို ပစ်ခတ်ခဲ့ပြီး စက္ကန့်ပိုင်းမှာပဲ ပေါက်ကွဲတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောကြောင်း ယွန်ဟက်သတင်းဌာနက ဖော်ပြခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013