DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် လင်မယားနှစ်ဦးအား လူကုန်ကူးမှုဖြင့် ဖမ်းဆီး
DVB
·
April 29, 2017
ကလေးမြို့နယ်တွင် လင်မယားနှစ်ဦးအား လူကုန်ကူးမှုဖြင့် ဖမ်းဆီး
Donate to DVB

ကလေးမြို့နယ် နတ်ချောင်းကျေးရွာအုပ်စု ချောင်းခွကျေးရွာမှာနေတဲ့ လင်းမယား နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်စုက ဧပြီ ၂၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

“ပထမ ချောင်းခွရွာက လူကုန်ကူးခံရတဲ့ မိသားစုဝင်အချို့ဆီက အကြောင်းသိရလို့ အဲ့ဒီချောင်းခွကို သွားစုံစမ်းတယ်။ အဲ့ဒီမှာ ချောင်းခွရွာက လူကုန်ကူးတဲ့ လင်မယားကို တွေ့တာနဲ့ ဖမ်းဆီးခဲ့တယ်။ လူကုန်ကူးခံရတာက စုစုပေါင်း ၁၄ ဦးလို့ သိရတယ်။ ဒါပေမယ့် ခုတော့ အဲ့ဒီ ၁၄ ဦးထဲက မိသားစုနဲ့ အဆက်အသွယ်ရနေတဲ့ လူ ၅ ဦးကိုပဲ သိထားသေးတယ်။ ကျန်တာတော့ ဆက်စုံစမ်းမှု ပြုလုပ်သွားမှာ ဖြစ်တယ်” လို့ အမှတ် ၁၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့စိတ် ၁ ကလေးမှ ရဲအုပ် ၀င်းလှိုင်က ပြောပါတယ်။

လူကုန်ကူးခံရသူတွေဟာ အခုနှစ် ဇန်န၀ါရီ လပိုင်းကတည်းက တဖက်နိုင်ငံကို ပို့ခံရတာဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်ရသူ ၅ ဦးကတော့ တရုတ်နိုင်ငံ ရှန်တုန်းမြို့ ၀မ်းတုံမြို့နယ်အတွင်းက ဘဲမွေးမြူရေးခြံမှာ အလုပ်လုပ်နေပြီး လုပ်ခ လစာ မရရှိပဲ အလုပ်လုပ်ပေးနေရတယ်လို့ သိရပါတယ်။

“တရွာတည်း အတူနေတာ။ အဲ့ဒီ အမျိုးသမီးက တရုတ်ဘက်မှာ အလုပ်ကောင်းတယ်။ ဖုန်းအခွံကာဘာတွေ လုပ်တဲ့ စက်ရုံမှာ လူလိုတယ်။ သားကို အလုပ်လွှတ်ဖို့ ပြောတယ်။ ပို့ခ ၄ သိန်းခွဲရယ်၊ လမ်းစရိတ် ၅ သောင်းရယ်၊ စုပေါင်း ၅ သိန်းပေးရမယ်။ လစာရရင် မြန်မာငွေနဲ့ ၁ လ ၄ သိန်းရမယ်ပြောလို့ သားကို ထည့်လိုက်တာ။ ပိုက်ဆံတောင် အမျိုးသမီးဆီပေးတာ မယူပဲ မူဆယ်မှာ စောင့်နေတဲ့ သူ့ယောက်ျားပေးပါဆိုလို့ သားနဲ့ ထည့်ပေးလိုက်တယ်” လို့ လူကုန်ကူးခံရတဲ့ အမျိုးသားတဦးရဲ့ ဖခင်က ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး လစာမရရှိတဲ့ လူ ၅ ဦးကို လတ်တလောမှာ ကယ်ဆယ်နိုင်ခြင်း မရှိသေးသလို ကျန် အဆက်အသွယ် မရတဲ့ လူ ၉ ဦးလည်း ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး လူကုန်ကူးခဲ့သူ လင်မယားကတော့ နတ်ချောင်းအုပ်စု ချောင်းခွရွာနေ ပေါက်စ (ခ) ဒေါ်နယ်ထန်း နဲ့ ဇနီးဖြစ်သူ မမွဲသယ်(ခ) မဗန်ရဲမ်းမွှေးတို့  ဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူ စုစုပေါင်း ၁၄ ဦးမှာ ချောင်းခွရွာက ၁၁ ဦးနဲ့ ဟားခါးလေးရွာက ၃ ဦး ဖြစ်ပြီး အမျိုးသမီးအချို့လည်း ပါဝင်နေပါတယ်။ အဲ့ဒီအတွက် လူကုန်ကူးသူ ပေါက်စ နဲ့ ဇနီးဖြစ်သူ မမွဲသယ်တို့ကို ရဲအုပ်ဝင်းလှိုင်က တရားလိုပြုပြီး လူကုန်ကူးပုဒ်မ ၂၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013