DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် လှေသားတဦး ကျောက်ကြိုးနှင့်ငြိ၍ ရေထဲပြုတ်ကျပျောက်ဆုံး
DVB
·
April 29, 2017
မြိတ်တွင် လှေသားတဦး ကျောက်ကြိုးနှင့်ငြိ၍ ရေထဲပြုတ်ကျပျောက်ဆုံး
1 / 4
Donate to DVB

မြိတ်မြို့၊ နာက်လယ်ရပ်ကွက် အမှတ် (၁) ဆိပ်ခံတံတားမှာ ဒီကနေ့ မနက် ၁၀ နာရီလောက်က ပရည်ကျွန်း ကျေးရွာက စက်လှေငယ်မှာ ကုန်တင်ကုန်ချ ပြုလုပ်နေချိန် လှေသားတဦး ကျောက်ကြိုးနှင့် ငြိပြီး ရေထဲပြုတ်ကျ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ်၊ ပရည်ကျွန်း ကျေးရွာမှ စက်လှေငယ်ဟာ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ၊ အမှတ် (၁) ဆိပ်ခံတံတားမှာ ကုန်တင်ကုန်ချ လုပ်နေတာဖြစ်ပြီး ဒီရေတက်ချိန် ရေစီးသန်ရာမှ ဆိပ်ခံဘောတံတားက ထွက်ခွာချိန် အရေးပေါ် လှေကျောက်ချစဉ် ကျောက်ကြိုးနဲ့ ခြေထာက်ငြိပါသွားပြီး ရေထဲ ပြုတ်ကျသွားတာလို့ သိရပါတယ်။

အခင်းဖြစ်တဲ့ စက်လှေက သံစဉ်မောင်ပါပြီး ကျွန်းစုမြို့နယ်၊ ပရည်ကျွန်းကျေးရွာမှ ဖြစ်ပါတယ်။ ကျောက်ကြိုးနဲ့ငြိပြီး ရေထဲပြုတ်ကျသွားတဲ့ သူက အမျိုးသားဖြစ်ပြီး စက်လှေရဲ့ မိသားစုဝင်လို့ သိရပါတယ်။

သတင်း၊သတင်းပုံ-ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013