DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒို၊ ဘရူနိုင်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး
DVB
·
April 29, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒို၊ ဘရူနိုင်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး
1 / 3
Donate to DVB

အာဆီယံထိပ်သီးစည်းဝေးပွဲတက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက အင်ဒိုနီးရှားသမ္မတ၊ ဘရူနိုင်းဘုရင်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ မစ္စတာဂျိုကို ၀ီဒိုဒို တို့ဟာ ဒီမနက် ဒေသစံတော်ချိန် ၉ နာရီမှာ တွေ့ဆုံပြီး စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒေသစံတော်ချိန်မနက် ၁၀ နာရီ မိနစ် ၂၀ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီ ဟာစန်နယ် ဘိုကီးရားတို့ ဆက်လက် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင် ကဏ္ဍတို့ အကျိုးတူပူးပေါင်းဆောင်ရွက် သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီးစည်းဝေးပွဲတက်ဖို့ ဧပြီ ၂၈ရက်ကတည်းက  ဖိလစ်ပိုင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013