DVB Logo
Home
မြန်မာသတင်း
ဦးဘုန်းမော်ရွှေကိစ္စ ပါတီထိခိုက်အောင် ဆက်လုပ်ပါက အရေးယူမည်ဟု ကြံ့ခိုင်ရေး ပြော
DVB
·
April 29, 2017
ဦးဘုန်းမော်ရွှေကိစ္စ ပါတီထိခိုက်အောင် ဆက်လုပ်ပါက အရေးယူမည်ဟု ကြံ့ခိုင်ရေး ပြော
Donate to DVB

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ကိစ္စနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဂုဏ်သိက္ခာထိခိုက်အောင် ရှေ့ဆက်ပိုတိုးပြီး ပြောဆိုလုပ်ကိုင်လာရင် ဥပဒေကြောင်းအရ အရေးယူတော့မယ်လို့ ပါတီက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဧပြီ ၂၈ ရက် ကြေညာချက်ထဲမှာ လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ဧပြီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲပါ အချက်အလက်တွေဟာ ပါတီနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘူး။

ဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော်ကိစ္စကို ယခင်ဒေသအာဏာပိုင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် တာဝန်ခံဆောင်ရွက်ခဲ့သူ ဦးကြည်ထွန်းတို့က လက်ရှိ မကွေး တိုင်းဒေသကြီးအစိုးရနဲ့  တိုက်ရိုက်ဖြေရှင်းဆောင်ရွက်နေတယ်။

ပါတီဂုဏ်သိက္ခာ ညှိုးနွမ်းစေရန်နဲ့ နိုင်ငံရေးအမြတ်ထုတ် ဆောင်ရွက်မှုတွေ လုပ်လာရင် ဥပဒေကြောင်းအရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း မကွေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်လို့ ပါတီအပေါ် အလွန်အကျွံ့ပြောဆို လုပ်ကိုင်လာရင် အရေးယူတော့မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စနဲ့ တခါတည်း ဆက်နွှယ်ပြီးတော့မှ ပါတီကိုပါ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊  ပြည်ခိုင်ဖြိုးနာမည် ဂုဏ်သိက္ခာထိခိုက်တဲ့ ပုံးစံမျိုးလေးတွေ စွပ်စွဲပြောဆိုတာတွေက ပါတီရဲ့ ပုံရိပ်ကို ထိခိုက်တယ်၊ အဲဒါမျိုးတွေ အလွန်အကျွံ့ဖြစ်လာလို့ရှိရင် ကျနော်တို့က ဒါ ဥပဒေနဲ့အညီ လိုအပ်သလို ဆောင်ရွက်သွားမယ်။”

ရေနံလက်ယက်တွင်းကရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ကျော် ပြန်လည်ပေးအပ်ဖို့နဲ့ ကြံ့ခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကြေး ၁.၇ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီးအစိုးရကို ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွန်ကြားခဲ့ပြီး ပြန်လည် ပေးအပ်ခြင်း မရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းတွေက ကောက်ခံခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုကို တိုင်းအစိုးရသစ်က ၂၀၁၇ ဇန်နဝါရီအတွင်း တွေ့ရှိခဲ့ပြီး ပြည်ထောင်စု အစိုးရထံ တင်ပြပြီး စစ်ဆေးခဲ့တဲ့အခါ ငွေကျပ် ၇ ဒသမ ၄၅၉၆ ဘီလီယံ ပျောက်ဆုံးနေတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013