
အာဆီယံထိပ်သီးစည်းဝေးပွဲတက်ဖို့ ဖိလစ်ပိုင်ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဗီယက်နမ်ဝန်ကြီးချုပ် H.E. Mr. Nguyen Xuan Phuc နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးအဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တိုးချဲ့သွားရေး၊ အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့စတင်ကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲမှာ မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံပေါင်း ၂၈ ခုက ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။











