DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းတခုဖြစ်နိုင်၊ မိုးသီးကြွေ၊ မိုးကြိုးပစ်နိုင်ဟု မိုးဇလ သတိပေးထား
DVB
·
April 29, 2017
မုန်တိုင်းတခုဖြစ်နိုင်၊ မိုးသီးကြွေ၊ မိုးကြိုးပစ်နိုင်ဟု မိုးဇလ သတိပေးထား
Donate to DVB

မေလ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခုဖြစ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။

တခါ ထူးခြားမိုးလေ၀သသတင်းအနေနဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့  လေအေးတွေ ဘင်္ဂလားပင်လယ်အော်ဘက်က ရွေ့လျားလာတဲ့ လေနွေးတွေ စုဆုံမှု၊ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများကြောင့် ပြည်နယ်တိုင်း ၉ ခုမှာ  နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သ သတင်းမှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုအနေနဲ့  ထူးခြား မိုးလေဝသဖြစ်စဉ်များကို အထူး ဂရုပြု နေထိုင်ကြဖို့လည်း မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013