DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပဲ ဖြေရှင်းသွားမည်
DVB
·
April 29, 2017
ရခိုင်ပြည်နယ်အရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပဲ ဖြေရှင်းသွားမည်
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပဲ ဖြေရှင်းသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တစ်နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

တရုတ်အထူးသံတမန် Sun Guoxiang က ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဦးဇော်ဌေးက ပြန်လည်ပြောကြားခဲ့ပါတယ်။

"တရုတ်နိုင်ငံအနေနဲ့ ကျန်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနည်းတူ အပြုသဘောဆောင်တဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီပြဿနာကတော့ နှစ်နိုင်ငံချင်းပဲ ရှင်းမှာဖြစ်ပါတယ်" လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ biliteraly ညှိနှိုင်းဖြေရှင်းနေပြီး အစိုးရရဲ့ မူဝါဒကလည်း ဒီကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာပဲ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ဒီဘက်မှာ ကျောက်ဖြူပိုက်လိုင်းရှိတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး အကျိုးစီးပွားအတွက် ကြားဝင် စေ့စပ်ညှိနှိုင်းပေးမယ်ဆိုတာ ကျနော်တို့က နားလည်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ဒီပြဿနာကို ညှိနှိုင်းဖြေရှင်းသွားဖို့ နှစ်နိုင်ငံချင်းပဲ သွားမှာဖြစ်ပါတယ် " လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးရက်ကြာခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်အထူးသံတမန် Sun Guoxiang က ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် အပြန်အလှန်ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့ကြောင်းနဲ့ တရုတ်အစိုးရ အနေနဲ့လည်း ကူညီဖို့အဆင်သင့်ရှိကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013