DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေပျောက်ဆုံးမှု နောက်ကြောင်းပြန်လှန်မည်မဟုတ်ဟု ဦးဇော်ဌေး ပြော (ရုပ်သံ)
DVB
·
April 29, 2017
ရန်ပုံငွေပျောက်ဆုံးမှု နောက်ကြောင်းပြန်လှန်မည်မဟုတ်ဟု ဦးဇော်ဌေး ပြော (ရုပ်သံ)
Donate to DVB


အစိုးရသစ်ရဲ့ မူဝါဒကြောင့် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက် ရန်ပုံငွေပျောက်ဆုံးခဲ့မှုကို နောက်ကြောင်းပြန်လှန်မှာမဟုတ်ဘဲ ထိုက်သင့်တဲ့ငွေကြေး ပြန်လျော်ဖို့သာ ညွှန်ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တစ်နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

ရေနံလက်ယက်တွင်းကရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ကျော် ပြန်လည်ပေးအပ်ဖို့နဲ့ ကြံ့ခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကြေး ၁.၇ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီးအစိုးရကို ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွန်ကြားခဲ့ပြီးဖြစ်ပါတယ်။

"မလွှဲရင် ပြန်ပြီးတော့ လွှဲပြောင်းခြင်းမရှိရင် ဥပဒေနဲ့အညီအရေးယူပါဆိုပြီး ညွှန်ကြားထားတာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံလည်း မကြာခဏပြောပါတယ်။ အစိုးရသစ်ရဲ့မူဝါဒက နောက်ကြောင်းပြန်လှန်ဖို့ မဟုတ်ပါဘူး။ နောက်ကြောင်းလှန်ရင်တော့ နောက်ကြောင်းပြန်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ အတိုင်ပင်ခံရဲ့ မူဝါဒက အရင်အစိုးရလက်ထက်မှာ လုပ်ခဲ့ကိုင်ခဲ့တာတွေရှိတယ်။ ထားတော့၊ အခုအစိုးရသစ်လက်ထက်မှာ ဒီအစိုးရသစ်ရဲ့ မူဝါဒနဲ့အညီအကောင်းဆုံးဆောင်ရွက်သွားဖို့ ဒါအစိုးရသစ်ရဲ့ ပေါ်လစီပါပဲ။ အားလုံးကို တူးဆွနေမယ် ဆိုရင်တော့ ရေဆုံးရေဖျား မဆုံးဘူးပေါ့။ ပြီးခဲ့တဲ့ တပ်မတော်အစိုးရ၊ နောက်ဆုံး မဆလခေတ်ထိ။ အခု မြေယာကိစ္စဆို မဆလခေတ်ကဟာတွေထိ ပြန်ရှင်းနေရတဲ့ အနေအထားရှိပါတယ်။ အဲဒါကြောင့်မို့လည်း အခုန ထိုက်သင့်တဲ့ ပိုက်ဆံငွေကြေး ပြန်လျော်ပေါ့။ ဒါနဲ့ ညွန်ကြားတာဖြစ်ပါတယ် " လို့ ဦးဇော်ဌေးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကလည်း မကွေးတိုင်းဒေသကြီး အစိုးရထံ ငွေနဲ့ ပစ္စည်းတွေ ပြန်လည်ပေးအပ်ဖို့ အကြောင်းကြား ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013