DVB Logo
Home
မြန်မာသတင်း
ရေပူတွင်​ တရားမ၀င် ပိ​တောက်​သစ်​တင် ၁၂ ဘီးကား ၅ စီး ထပ်​မံဖမ်းဆီးရမိ
DVB
·
April 28, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီး လားရှိုး-သိန္နီကြားရှိ ရေပူစစ်ဆေးရေးစခန်းမှာ တရားမ၀င် ပိတောက်သစ်တွေ တင်လာတဲ့ ၁၂ ဘီးကား ၅ စီးကို ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီကျော်က ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

အကောက်ခွန်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “မနေ့ညက သတင်းရထားတဲ့ ၅ စီးကို ခုမိလိုက်ပြီ။ မနေ့ည ၂ စီးက သက်သက်၊ ခု ၅ စီး ထပ်မိတယ်။ သတင်းရတာက မနေ့ညကတည်းက သတင်းရတာ။ အဲဒါ မိအောင်လို့ လိုက်ပက်မွှေနှောက်နေပြီး မိတာ။ မိတာက ဒီရေပူ မရောက်ခင် ၁၉၂ မိုင်လောက်မှ မိတာ။ ဒီမှာနဲ့ ၇ မိုင်လောက် ဝေးတယ်။ သတင်းရလို့ လိုက်ကြည့်တာကို အဲဒီကားတွေက ကိုယ်တို့ရှေ့မှာပဲ နောက်ပြန်လှည့်သွားတာ။ အဲဒါကို အကုန်လိုက်ဖမ်းလိုက်တယ်” လို့ ပြောပါတယ်။

“အကြောင်းအရင်းရှိလို့ ရေပူကို ခဏပိတ်ထားတာ။ အဲဒါကို သူတို့ သတင်းပေးတွေ သတင်းပေးလိုက်လို့ ချက်ချင်းပြန်လှည့်သွားတာ။ ခု ကားတွေကို ရေပူဂိတ်မှာပဲ ဖွင့်ပြီး စစ်နေတယ်။ ဒီကားတွေကတော့ သစ်အပြည့်ပဲ။ ဒီ ၅ စီးကတော့ တဖွဲ့တည်းပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ကားပိုင်ရှင် ၅ ဦးကို သိန္နီရဲစခန်းမှာ လက်ရှိ အပ်နှံပြီး အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သစ်ကား ၆ စီး တက်လာတာကို သတင်းရထားတာကြောင့် လိုက်လံဖမ်းဆီးနေတယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013