DVB Logo
Home
Lead Story
သဘာဝဆိုးဆေးအသုံးပြု ချည်ထည်နဲ့ နိုင်ငံတကာထိုးဖောက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး (ရုပ်သံ)
DVB
·
April 30, 2017
သဘာဝဆိုးဆေးအသုံးပြု ချည်ထည်နဲ့ နိုင်ငံတကာထိုးဖောက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး (ရုပ်သံ)
Donate to DVB



ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာရှိတဲ့ ဒီ ဆန်းဖလားဝါး ရက်ကန်းရုံ ခြံဝင်းလေးထဲမှာပဲ ချည်ထည်တွေကို ဆေးဆိုးဖို့အတွက် ပြင်ဆင်နေကြပါတယ်။

ချည်ထည်တွေကို သဘာဝနည်းအတိုင်း ဆေးဆိုးဖို့အတွက် သစ်ရွက်သစ်ခက်တွေကို အသုံးပြုနေတာပါ။

"သဘာဝကဖြစ်တဲ့ ဖိုင်ဘာတွေ၊ သဘာဝကဖြစ်တဲ့ချည်တွေ၊ ပိုးတွေ၊ ကြာတွေ ဒါတွေဟာ အပင်တွေကနေရတယ်။ ပိုးကောင်လေးတွေကနေ ရတယ်။ ဒါတွေက ဘာလဲဆိုတော့ သဘာဝကနေ ရတဲ့အတွက်ကြောင့်မို့လို့ လူတွေကိုလည်း သဘာဝအတိုင်း ပြန်ဆက်ဆံပေးတယ်။ နောက်တခုက ဒီဟာတွေကရတဲ့ လူတွေ၊ စိတ်တွေ၊ လုပ်တဲ့သူတွေရဲ့စိတ်တွေ တကယ့်သက်ရှိတွေနဲ့ ဆက်ဆံရသလို ခံစားရတယ်။"

ဈေးကွက်ထဲ အလွယ်တကူရှိတဲ့ ချည်ထည်ဆိုးဆေးတွေကို အသုံးပြုနိုင်ပေမယ့်  သဘာဝအတိုင်း ခံစားသိရှိစေနိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။

"ချည်ထည်ဆိုးဆေးရဖို့ သစ်မြစ်သစ်ရွက်တွေကို စွန့်ပစ်ပစ္စည်းကနေ ထုတ်လုပ်ဖို့အတွက် ဈေးဆိုင်တွေက စွန့်ပစ်လိုက်တဲ့ သီးနှံတွေကို သွားယူပြီး သုံးခဲ့တာ။ တခုတော့ ကိုယ်တွေက ပြန်ထိန်းသိမ်းပေးရမှာက ဒီအပင်တွေ အရွက်တွေ အခက်တွေ အခေါက်တွေ သုံးမယ်ဆိုရင်  ဒီအပင်ပဲ၊ ဒီအပင်တွေမသေအောင် ဂရုစိုက်ရမယ်။ နောက်ထပ် ဒီလိုအပင်မျိုး များမယ်ဆိုရင်လည်း ကိုယ်တွေများများသုံးနိုင်မယ်။"

ဒီလို သဘာဝအရောင်ဆိုးဆေး ချည်ထည်တွေကို မြန်မာနိုင်ငံသာမက နိုင်ငံရပ်ခြားကို ဖြန့်ဖြူးနေသူကတော့ မဖြူအိသိမ်း။

ချည်ထည်တွေကို ဒီလိုဆေးဆိုးဖို့နဲ့ ဒီလိုကိုယ်ပိုင်ရက်ကန်းရုံတရုံ ပိုင်ဆိုင်ဖို့ဆိုတာ မဖြူအိသိမ်းတယောက် အိပ်မက်ပင် မမက်ခဲ့ဖူးပါဘူး။

ဂျပန်မှာ အခြေချအလုပ်လုပ်ကိုင်နေရင်း ၂၀၀၃ ခုနှစ်က အင်းလေးကို ဂျပန်ကနေ အလည်လာရာကနေ မြန်မာချည်ထည်တွေကို ဂျပန်ကို တင်ပို့ရောင်းချဖို့ အခွင့်အရေးရခဲ့တယ်။

ဒီလိုနဲ့ သူ့ရဲ့မိတ်ဆွေ ဂျပန်အမျိုးသမီးတဦးနဲ့အတူ စီးပွားရေးလုပ်ငန်းဖက်စပ်တခုအဖြစ် ၂၀၀၆ ခုနှစ်မှာ ဂျပန်မှာပဲ ကုမ္ပဏီထူထောင်ပြီး မြန်မာချည်ထည်တွေကို ဂျပန်ဈေးကွက်ကို စတင်ပို့ဆောင်ခဲ့ပါတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

စန်းမော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013