DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို အတိုးမဲ့ချေးငွေ ကန်ဒေါ်လာ သန်း၂၀၀ ပေးအပ်
DVB
·
April 28, 2017
ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို အတိုးမဲ့ချေးငွေ ကန်ဒေါ်လာ သန်း၂၀၀ ပေးအပ်
Donate to DVB

မြန်မာနိုင်ငံမှာ စီးပွားရေးတည်ငြိမ်ဖို့နဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချဖို့ ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို ကာလရှည် အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ပေးအပ်ဖို့ အတည်ပြုလိုက်တယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာပါတယ်။

မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ မေခရိုစီးပွားရေး တည်ငြိမ်းရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်ရှိမှု ကြိုးပမ်းဆောင်ရွက်ချက်တွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့၊  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ နဲ့ အရည်အသွေးမြင့် ပြည်သူ့ ရေးရာဝန်ဆောင်မှုတွေကို ပိုမို လက်လှမ်းမှီနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှဒေသ ညွန်ကြားရေးမှူး အူရစ်ခ်ဇာချွားက “ စားသောက်ကုန်ဈေးနှုန်းနဲ့ အခြေခံ အသုံးစရိတ်မြင့်တာလာပါက ဆင်းရဲ့တဲ့ မိသားစုတွေက ထိခိုက်ခံစားရဆုံးဖြစ်ပါတယ်။ ဈေးနှုန်းဖိအားသက်ရောက်မှုတွေကို ထိမ်းသိမ်းနိုင်ခြင်းအားဖြင့် အခုလုပ်ငန်းစဉ်က ဆင်းရဲနွမ်းပါးသူတွေ အကျိုးကျေးဇူးရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ထုတ်ပြန်ချက်မှာပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေတွေဟာ ၀င်ငွေနိမ့်တဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ပြီးကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရံပုံငွေ ကနေပေးအပ်တဲ့ ကာလရှည် အတိုးမဲ့ချေးငွေဖြစ်ပြီး ချေးငွေသက်တမ်းကတော့ ၃၈ နှစ်နဲ့ ဆိုင်းငံ့ကာလ ၆နှစ်ဖြစ်တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013