DVB Logo
Home
မြန်မာသတင်း
ဦးဘုန်းမော်ရွှေက ငွေနှင့်ပစ္စည်းများ မကွေးတိုင်းအစိုးရထံပြန်ပေးမည်
DVB
·
April 28, 2017
ဦးဘုန်းမော်ရွှေက ငွေနှင့်ပစ္စည်းများ မကွေးတိုင်းအစိုးရထံပြန်ပေးမည်
Donate to DVB

ယခင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက   မကွေးတိုင်းဒေသကြီး အစိုးရထံ ငွေနဲ့ ပစ္စည်းတွေ ပြန်လည်ပေးအပ်ဖို့ အကြောင်းကြား လိုက်ပါတယ်။

လက်ရှိ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ  ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက  ဧပြီ ၂၇ ရက်စွဲနဲ့  သမ္မတရုံးရဲ့ ညွန်ကြားချက်ပါ အကြောင်းကြာမှာ ဖော်ပြထားတဲ့ ငွေနဲ့ ပစ္စည်းတွေကို ပေးသွင်းဖို့  အကြောင်းကြားစာပေးပို့ခဲ့တာပါ။

ရွှေသုခ အသေးစားငွေရေးကြေးရေးလုပ်ငန်းသို လွှဲပြောင်းပေးခဲ့သည့် ငွေကျပ် (၁.၅၇) ဘီလီယံကျော်အနက် ငွေကျပ် သိန်း ၅၀၀၀ ကို မေလ ပထမအပတ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပထမအရစ်အနေနဲ့ ပေးသွင်းသွားမှာဖြစ်ပြီး ကျန်ရှိငွေတွေကို လုပ်ငန်းလည်ပတ် နေတဲ့အတွက် ပြန်လည်ကောက်ခံပြီးနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် မတိုင်မီ ပေးသွင်းသွားမယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ငွေကျပ် (၁.၇) ဘီလီယံကိုလည်း  ၂၀၁၇ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မတိုင်မီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပေးသွင်းသွားမယ်လို့ ဆိုပါတယ်။

ငွေနဲ့ ယာဉ်ယန္တရားတွေ လွှဲပြောင်းပေးအပ်မှုမှာ ဦးဘုန်းမော်ရွှေကိုယ်စား ရွှေသုခ အသေးစားငွေရေး ကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းမှ ဆက်သွယ်ဆောင်ရွက်မယ်လို့ ပြန်ကြားထားပါတယ်။

ရေနံလက်ယက်တွင်းကရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ကျော် ပြန်လည်ပေးအပ်ဖို့နဲ့ ကြံ့ခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကြေး ၁.၇ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီးအစိုးရကို ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွန်ကြားခဲ့ပြီး ပြန်လည် ပေးအပ်ခြင်း မရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းတွေက ကောက်ခံခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုကို တိုင်းအစိုးရသစ်က ၂၀၁၇ ဇန်နဝါရီအတွင်း တွေ့ရှိခဲ့ပြီး ပြည်ထောင်စု အစိုးရထံ တင်ပြပြီး စစ်ဆေးခဲ့တဲ့အခါ ငွေကျပ် ၇ ဒသမ ၄၅၉၆ ဘီလီယံ ပျောက်ဆုံးနေတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013