DVB Logo
Home
မြန်မာသတင်း
မှောင်ခိုကူးမည့် နွားအကောင်အရေ ၁၄၂ ကောင် တောင်ကုတ်မြို့နယ်တွင် ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
April 28, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မိုးကျေးရွာအုပ်စု၊ မိုးကျောက်ကြီးကွင်းရဲ့ အနောက် ၁ မိုင် ပတ်ဝန်းကျင်မှာ တဖက်နိုင်ငံပို့မယ့် နွားအထီး ၁၄၂ ကောင်ကို ဧပြီ ၂၇ ရက်နေ့ မနက်ပိုင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ပို့မယ်လို့ ယူဆရတဲ့ နွားအကောင်ရေ ၁၄၂ ကောင်ကို ရဲတပ်ဖွဲ့ဝင်တွက သတင်းအရ ဖမ်းဆီးခဲ့တာလို့ အမ်းမြို့နယ်ရဲမှူး ကိုကိုဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သတင်းရလို့ အဲဒီနေရာကို ကျနော်ကိုယ်တိုင် ဦးစီးပြီးတော့ ဒီက ရဲတပ်ဖွဲ့ဝင် အုပ်ချုပ်ရေးမှူးတွေ လိုက်သွားပါတယ်။ မနေ့ မနက်အစောကြီးပေါ့လေ။ သတင်းရထားတဲ့ နေရာအသီးသီးကို လိုက်ရှာတယ်။ အဲဒီမှာ ကာရီကွင်းပေါ့လေ။ တရားမဝင် ပို့ဖို့လုပ်ထားတဲ့ နွားအကောင်ရေ ၁၄၂ ကောင် ဖမ်းဆီးရမိပါတယ်။ အကုန် အထီးတွေပါ။ အဲဒီတောတွေထဲမှာ နေရာကွက်လိုက် တွေ့တယ်။”

အဲဒီနွားတွေ လက်ရှိအချိန်မှာ အမ်းမြို့နယ် ရဲတပ်ဖွဲ့တွေရဲ့အောက် ထားရှိထားပြီးတော့ နွားမှောင်ခိုကူးမယ့်အဖွဲ့တွေကို ဆက်လက်ဖော်ထုတ် ဖမ်းသွားမယ်လို့ သူက ဆက်လက်ပြော ပါတယ်။

“လောလောဆယ်တော့ ဒါတွေ ပိုင်ရှင်မဲ့ပေါ့လေ။ ဖော်ထုတ်ဆဲပါ။ လုပ်သားပြည်သူတွေ အနေနဲ့ကတော့ ပိုင်ရှင်တွေ မပေါ်သေးဘူး။ ဒီနွားတွေကို တခြားနိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ပို့မယ်လို့ ယူဆတယ်။ အရင်တုန်းကလည်း ဒီလို နွားတွေကို စုပုံထားရင် ဟိုဘက်ကို ပို့ဖို့များတယ်။ ကျနော်တို့ ဒီနွားတွေကို ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားပါတယ်။

လက်ရှိအချိန်မှာတော့ အနီးအနားက ရွာတွေမှာ နွားတွေ ပျောက်ဆုံးမှုရှိ၊ မရှိဆိုတာ စုံစမ်းနေဆဲဖြစ်ပြီး အဲဒီနွား ပိုင်ရှင်တွေကိုလည်း စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲမှူးက ဆက်လက်ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စည်ပင်ရွာနဲ့ ကျောက်ကြီးရွာအကြား တောအတွင်းမှာ တဖက်နိုင်ငံကိုပို့မယ့် တရားမဝင် မှောင်ခိုကူးလာတဲ့ နွား ၅၃ ကောင်ကို ဖမ်းဆီးရရှိခဲ့ပါသေးတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013