DVB Logo
Home
မြန်မာသတင်း

YBS အတွက် တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အစီး ၁၀၀၀ တင်သွင်းမည်

ဇေယျာချမ်းအေး
·
April 28, 2017
Donate to DVB

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBSဘတ်စ်ကားလိုင်းတွေအတွက် တရုတ်ကား ကုမ္ပဏီနှစ်ခုဆီက ဘတ်စ် အစီး ၁၀၀၀ တင်သွင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဧပြီ ၂၈ ရက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

ဘတ်စ်ကားတစီးကို ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်နှုန်းနဲ့ အစီးတစ်ထောင်အတွက် ဒေါ်လာ ၅၆ သန်း အသုံးပြုသွားမယ်လို့ ဝန်ကြီးဦးမြင့်သောင်းက ပြောပါတယ်။

အဲဒါအပြင်ရှေ့ဆက် YBS နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ပြည်သူကို တင်ပြသွားမယ်လို့ ဝန်ကြီးကပြောပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ငွေကျပ်ဘီလျံ ၇၀ ကို ဘယ်လို အသုံးပြုမယ် ဘယ်လုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်ပြီး ဘယ်လို အကျိုးအမြတ်ခွဲဝေယူမယ်၊ စတဲ့ ရင်းနှီးမြှုပ်နှံမယ့် စီးပွားရေး အစီအစဉ်ကို လွှတ်တော်ကို တင်ပြရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့တဲ့အပေါ် ဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့တာြ[CP_EASY_FORM_WILL_APPEAR_HERE]ဖစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013