DVB Logo
Home
မြန်မာသတင်း
အထောက်အထားမဲ့ တရားမ၀င် ပြိုင်ကား ၂ စီး ဖမ်းဆီးရမိ
DVB
·
April 28, 2017
Donate to DVB

ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့သွားမယ့်  နစ်ဆန်းပြိုင်ကား၂စီး၊ တိုယိုတာ Hilux Surf ၁စီးနဲ့ Crown ၁စီးတို့ကို  ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းပူးပေါင်းအဖွဲ့က စစ်ဆေးရာမှာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိလို့ သိမ်းဆည်းလိုက်တယ်လို့ အစိုးရသတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ရက်က ဖမ်းဆီးလိုက်တာဖြစ်ပြီး အဆိုပါ ယာဉ် ၄စီးရဲ့ တန်ဖိုးဟာ  စုစုပေါင်း ခန့်မှန်းခြေ ကျပ်သန်း ၉ဝ လောက်ရှိမယ်လို့လည်း ဆိုပါတယ်။

တရားမဝင်ကုန်စည်တွေ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနဲ့ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက မတ် ၁ ရက်မှာ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာမှာ ဧပြီ ၂၆ ရက်မှာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၂မှုကနေ ခန့်မှန်းတန်ဖိုးကျပ် ၁၄ ဒသမ ၂၄၁ သန်းလောက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013