DVB Logo
Home
မြန်မာသတင်း
ယင်လုံအိမ်သာသုံးစွဲနိုင်ရေး ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဝန်ထမ်းများ အိမ်သာခွက်များလှူဒါန်း
DVB
·
April 28, 2017
ယင်လုံအိမ်သာသုံးစွဲနိုင်ရေး ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဝန်ထမ်းများ အိမ်သာခွက်များလှူဒါန်း
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဝန်ထမ်းတွေ စုပေါင်းပြီး ရွာလုံးကျွတ်ယင်လုံအိမ်သာ သုံးစွဲနိုင်ရေးအတွက် ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စု ဝက်ချဲကျေးရွာမှာ မနေ့က အိမ်သာခွက်တွေ လှူဒါန်းပေးခဲ့ပါတယ်။

ကျေးရွာမှာ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၇၃ ဦးရှိပြီး ယင်လုံအိမ်သာ သုံးစွဲတဲ့ အိမ်ခြေ ၂၀ သာရှိသောကြောင့် ရွာလုံးကျွတ်ယင်လုံအိမ်သာသုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး အိမ်သာခွက်နဲ့ ပိုက် ၃၁ လုံးစာ သွားရောက် လှူဒါန်းခဲ့တာလို့ ၀န်ထမ်းအမျိုးသမီး ဒေါ်ဇင်ဇင်မိုးက ပြောပါတယ်။

“ကျမတို့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးအဖွဲ့က ၂၀၁၆ ဇွန်လက စတင်ပြီး ရတဲ့လစာတွေထဲကနေ တချို့ကို အကုန်မသုံးဘဲ တလတခါစုလာခဲ့ကြတာပါ။ ရတဲ့ပိုက်ဆံလေးနဲ့ နိုဝင်ဘာလမှာ မြို့နယ်ပြည်သူ့ ဆေးရုံအတွက် ထိုင်ခုံတွေ၊ ယခု ဝက်ချဲကျေးရွာကို အိပ်သာခွက်နဲ့ ပိုက်တွေ ဒုတိယအကြိမ်အဖြစ် သွားရောက် လှူဒါန်းခဲ့တာ။”

ဒါ့အပြင် လှူဒါန်းရာမှာလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေက ဝက်ချဲကျေးရွာအတွင်း ယင်လုံအိမ်သာမရှိတဲ့ အိမ်ထောင်စုတွေကို ကျန်းမာရေးအသိပညာပေးဟောပြောမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013