DVB Logo
Home
မြန်မာသတင်း
အိမ်ပေါ်တက်၍ အရက်မူးရန်ရှာသူကို အိမ်ရှင်က ဓားဖြင့်ခုတ်၊ အခင်းဖြစ်နေရာတွင် သေဆုံး
DVB
·
April 28, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာအုပ်စု ကျေးနီရွာမှာ ဧပြီလ ၂ ရက်နေ့ နေ့လယ်ပိုင်းက အိမ်ပေါ်တက်ပြီး အရက်မူးရန်ရှာသူကို အိမ်ရှင်ဖြစ်သူက ဓားနဲ့ ခုတ်ခဲ့တာကြောင့် အရက်မူးပြီး ရန်ရှာခဲ့သူ သေဆုံးခဲ့တယ်လို့ လက်ပံတန်းမြို့နယ် မြို့မရဲစခန်းက ပြောပါတယ်။

"သေဆုံးသူ ကျော်စွာက တစ်ရွာတည်းနေ ဒေါ်မိချက် တိုင်တန်းခဲ့လို့ သူထောင်ကျခဲ့ရတာဆိုပြီး အရက်မူးပြီး ဒေါ်မိချက်ကို ရွာထဲလိုက်ရှာနေတာ ဓားနဲ့ခုတ်လိုက်သူ ကိုခင်မောင်ကြည် အိမ်ပေ မှာ ဒေါ်မိချက် ပုန်းနေတယ်လို့ ထင်ပြီး တက်ရှာရာက အိမ်ရှင်နဲ့ စကားများပြီး အိမ်ရှင်ဖြစ်သူက ဓားနဲ့ခုတ်လိုက်တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ရတာပါ။ တရားခံဖြစ်တဲ့ ကိုခင်မောင်ကြည်ကိုတော့ နာရီပိုင်းအတွင်း ဖမ်းမိထားပါပြီ" လို့ လက်ပံတန်းမြို့မ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကြည်ဇေက ဒီဗွီဘီကို ပြောပါတယ်။

ကျော်စွာ သေဆုံးမှုနဲ့ပတ်သက်လို့ လက်ပံတန်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၄၁၆/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ဆောက်ရွက်နေပြီး သေဆုံးသူ ကျော်စွာမှာ လွန်ခဲ့တဲ့ ၃ လလောက်က ကျေးရွာအတွင်း လက်နက်ကိုင်ဆောင်မှုနဲ့ ထောင် ၃ လ ကျခံခဲ့ရကာ ဧပြီ ၂၅ ရက်နေ့ကမှ သာယာဝတီ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာသူဖြစ်တယ်လို့ မှုခင်းဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

ဓာတ်ပုံ၊ သတင်း - ဝဏ္ဏထွန်း CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013