DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တန်ချိန် ၄ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးတွေ့ရှိ
DVB
·
April 28, 2017
ဖားကန့်တွင် တန်ချိန် ၄ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးတွေ့ရှိ
1 / 2
Donate to DVB

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းလုပ်ကွက်တခုမှာ  တန်ချိန် ၄ တန်လောက် အလေးချိန်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို ရေမဆေးကျောက် ရှာဖွေသူတွေက မနေ့က တွေ့ရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်ပုံရွာအနီးက တောက်ပကြယ် လုပ်ကွက်မှာ ရေမဆေးကျောက် ရှာဖွေတူးဖော်သူတွေက အလေးချိန်ခန့်မှန်း ၄ တန်လောက်ရှိတဲ့ ကျောက်စိမ်း ၁ တုံးကို ဧပြီ ၂၇ ရက် မနက်ပိုင်းက တူးဖော်တွေ့ရှိပြီး မှော်ပုံရွာ စာသင်ကျောင်း မြေနေရာမှာ သယ်ယူထားရှိတယ်လို့ သိရပါတယ်။

ကျောက်စိမ်းတုံးတွေ့ရှိတဲ့နေရာကို ရောက်ရှိနေတဲ့ မှော်ပုံရွာသား ကိုဝင်းမောင်က “ကျောက်စိမ်းအရိုင်းတုံးကို သယ်ယူထားရှိတဲ့ နေရာမှာ ရေမဆေးသမား အယောက် ၂ ထောင်ကျော်က မနေ့ညဦးပိုင်းအထိ စုရုံးရောက်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တချို့လည်း အနီးနား ပတ်ဝန်းကျင်မှာ ရှိနေတယ်”လို့ ပြောပါတယ်။

ရေမဆေးကျောက် တွေ့ရှိထားသူတွေက မှော်ပုံရွာသားတွေဖြစ်ပြီး လောလောဆယ်မှာ ရေမဆေး ခေါင်းဆောင်တွေက အစိုးရအာဏာပိုင်တွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။

အဲဒီကျောက်ကို ကုမ္ပဏီက လုပ်ကွက်ထဲဝင်ပြီး ရှာခွင့်ပေးတဲ့အချိန်မှာ ရေမဆေးသမားတွေက တွေ့ရှိတာဖြစ်ပြီး ကျောက်စိမ်း တန်ဖိုးဈေး အတိအကျကိုတော့ ဈေးမသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

ရေမဆေးကျောက်ကို တွေ့ရှိပြီး အနီးနားတဝိုက်က လုပ်ဖော်ကိုင်ဖက် ရေမဆေးသမားတွေက ကုမ္ပဏီလုပ်ကွက်ကနေ ကျောက်စိမ်းကို ကူညီထမ်းပိုး သယ်ယူပေးတဲ့အတွက် ကျောက်စိမ်းတွင်းဒေသ အခေါ် ဂျော်ကီဝေစုအဖြစ် ကျပ်သိန်းပေါင်း ၁ သောင်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

သတင်း - ခင်ဆွေ(မော်လူး)၊ ဓာတ်ပုံ - မောင်ပေါက်ကျိုင်းကလေး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013