DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုသစ္စာဇာတ်ကားသရော်စာ ဖြေရှင်းပေးရန် တပ်မတော်တိုင်ကြား
DVB
·
April 27, 2017
ပြည်ထောင်စုသစ္စာဇာတ်ကားသရော်စာ ဖြေရှင်းပေးရန် တပ်မတော်တိုင်ကြား
Donate to DVB

 

ပြည်ထောင်စုသစ္စာ ဇာတ်ကားကို သရော်စာရေးသားဖော်ပြခဲ့တဲ့ The voice daily သတင်းစာ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တိုင်ကြားထားပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်ကတည်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး ထွန်းထွန်းဦးက စာနယ်ဇင်းကောင်စီထံ တိုင်ကြားခဲ့တာလို့  စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“တိုင်တယ်ဆိုတာ ဒီသရော်စာ ဆောင်းပါးဟာ မတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာမှာပါတယ်။ အဲဒီသရော်စာဟာ တပ်မတော် အရာရှိတွေနဲ့ တပ်မတော်သားတွေ အကြားမှာ စိတ်ဝမ်းကွဲနိုင်တယ်ပေါ့လေ။ အဲဒီစစ်တိုက်တဲ့အခါမှာ အရာရှိတွေက တိုက်ရတာ မဟုတ်ဘဲနဲ့ လက်အောက်ငယ်သားတွေကပဲ  အသေတိုက်ရတယ်ဆိုတဲ့ဟာမျိုး၊ အဲလို စာသားမျိုး တွေ အဲဒီဟာကို ထောက်ပြတာလည်းပါတယ်။ နောက်ပြီး တခြားသော အချက်အလက်တွေ လည်း ပါတာပေါ့။ အဲဒါတွက် The Voice Daily သတင်းစာဘက်က  ဘယ်လိုမျိုး ပြန်ပြီးတော့ ဆောင်ရွက်ပေးမလဲဆိုတဲ့၊ ပြန်ပြီးတော့ ပြန်ကြားပေးမလဲ၊ ဖြေရှင်းပေးမလဲပေါ့။  အဲဒီသဘောနဲ့ သတင်းစာကောင်စီကို တိုင်ကြားတာ။”

ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်ကြားသူကို ဖိတ်ကြားပြီး အပြည့်အစုံ မေးမြန်းခဲ့သလို လာမယ့်အပတ်မှာလည်း တိုင်ကြားခံရတဲ့ မီဒီယာက်က ဘယ်လို ဆုံးဖြတ်ထုတ်ပြန်မယ်ဆိုတော တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

ပြည်ထောင်စုသစ္စာ ဇာတ်ကားကို သရော်စာ ရေးသားခဲ့သူကတော့ ဗြိတိသျှကိုကိုမောင် ဖြစ်ပြီး The Voice daily သတင်းစာမှာ ပုံမှန် သရော်စာရေးသားနေသူ တဦး ဖြစ်ပါတယ်။

သတင်းစာဂျာနယ်တွေမှာ တပ်နဲ့ပတ်သက်ပြီးရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အရင်ကတပ်မတော်က စာနယ်ဇင်းကောင်စီကို အလားတူ တိုင်ကြားခဲ့ဖူးတာမျိုးတွေ ရှိခဲ့ဖူးပါ တယ်။

ကောင်စီကအနေနဲ့  ဆက်သွယ်ညှိနှိုင်းပြီး သတင်းစာဘက်က ပြန်လည်တောင်းပန်တာ တွေ၊ စာသားပြန်လည်ပြင်ဆင်ဖော်ပြတာတွေ  လုပ်ဆောင်ခဲ့ဖူး တယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

ပြည်ထောင်စုသစ္စာ ဇာတ်ကားဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့ အထိမ်းအမှတ်အနေနဲ့ တပ်မတော်က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းဖြစ်ပြီး နာမည်ကြီး အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီဝေဠုကျော်၊ နေမင်း၊ အကယ်ဒမီစိုးမြတ်သူဇာ အစရှိတဲ့ မင်းသားမင်းသမီးကြီးအပါအ၀င် သရုပ်ဆောင်အများအပြား ပါဝင်သရုပ်ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013