DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 27, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၁၄,၀၀၀ ဈေး ကျသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ကျပ် ၁၀,၀၄,၀၀၀ ရှိပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၄,၅၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၆၈၇,၅၀၀ ပေါက်ဈေး ရှိပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ၁ ပိဿာကို ငွေကျပ် ၅၀ တက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၉၁၅ ကျပ် ရှိပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)က ၁ ပိဿာကို ၆,၃၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၂၀၀ ဈေး ကျဆင်းသွားပါတယ်။

နှမ်းနက်(စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ငွေကျပ် ၄၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁၃၇,၀၀၀ ကျပ် ရှိနေပါတယ်။

ပန်းနှမ်း
ပန်းနှမ်းက ၁ အိတ်ကို ၇၁,၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေး ကျဆင်းသွားပါတယ်။

မန်ကျည်းတောင့်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့်က ၁ ပိဿာကို ၁,၇၈၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၂၀ ဈေးတက်လာပါတယ်။

ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ က ၁ တန်ကို ငွေကျပ် ၃၈,၀၀၀ ဈေးကျသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၅၃၄,၀၀၀ ကျပ်ကနေ ၆၃၀ယ၀၀၀ ပေါက်ဈေးရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013