DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ဆေးရုံတွင် ဦးခေါင်းမဲ့ကလေးတဦးပါ အမြွာကလေး မွေးဖွား
DVB
·
April 27, 2017
တာချီလိတ်ဆေးရုံတွင်  ဦးခေါင်းမဲ့ကလေးတဦးပါ အမြွာကလေး မွေးဖွား
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်ဆေးရုံကြီးမှာ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ဦးခေါင်းမဲ့ ကလေးတဦးပါ အမြွာကလေးမွေးဖွားခဲ့ပါတယ်။

မိခင်ဖြစ်သူမှာ မုံးကိုးကျေးရွာအုပ်စု နမ့်တောင်းကျေးရွာမှ အသက် ၃၅ နှစ်ရွယ်ရှိ မယ့်အိ လို့ခေါ်တဲ့ ပလောင်တိုင်းရင်းသူအမျိုးသမီးဖြစ်ပြီး  သားဖွားဆရာမတွေက အဲဒီရွာကို ကွင်းဆင်း ရင်း  ဗိုက်နာတာနဲ့ ဆေးရုံကို ခေါ်ဆောင်လာခဲ့တာလို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇင်ကိုကိုအောင်မှ ဒီဗွီဘီကို ပြောပါတယ်။

“မနက်ပိုင်း ဆေးရုံကိုရောက်လာတယ်။ ညနေပိုင်းမှာ ကျနော်တို့ဆေးရုံက ခွဲမွေးပေး လိုက်တာ၊ အမြွာမွေးတော့လေ တယောက်က မိန်းကလေး၊ နောက်တယောက်ကတော့  ခြေတွေ လက်တွေပဲ ပါလာတယ်၊  ဦးခေါင်းလည်း မပါလာဘူး။ အင်္ဂါလည်းမစုံတော့ မိန်းကလေး လား ယောကျာ်းလေးလားမသိဘူး၊  မွေးရာပါ အသေမွေးလာတယ်၊   အသက်ရှင်တဲ့တယောက် ကတော့ အားလုံးကောင်းကောင်းမွန်မွန်ပဲ၊ ကျန်းမာရေးလည်းကောင်းတယ်၊ ကလေးအမေလည်း နေကောင်းတယ်၊ လောလောဆယ်တော့ ဆေးရုံမှာပဲ၊ သူ့ယောက်ျားလည်းရောက် မလာသေးတော့ ကျနော်တို့ ပြုစုစောင့်ရှောက်ထားပါတယ်။”

အခုကို အင်္ဂါမစုံဘဲ မွေးဖွားလာရတဲ့အကြောင်းရင်းကိုတော့ တိတိကျကျပြောလို့တော့ မရသေးကြောင်း၊ ကလေးမိခင်ဟာ ကိုယ်ဝန်ဆောင်ကတည်းက ကျေးရွာတွေကို ကွင်းဆင်းကုသတဲ့ သားဖွားဆရာမတွေရဲ့  စောင့်ရှောက်မှုအောက်မှာပဲရှိကြောင်း၊ ကာကွယ်ဆေး နဲ့ ဘီဝမ်း၊ ဖောရစ်အက်စစ် အစရှိတဲ့ ကိုယ်ဝန်ဆောင်အားတိုးဆေးတွေလည်း ပုံမှန်ရကြောင်း၊ သူမဟာ ဒီမတိုင်ခင် ကလေး ၇ ယောက်မွေးဖွားခဲ့ပြီးဖြစ်တယ်လို့  ဆေးရုံအုပ်ကြီးက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေကလည်း ခရိုင်ထဲမှာ ထူးခြားတဲ့ မွေးဖွားမှုရှိလို့ သက်ဆိုင်ရာဆေးရုံတာဝန်ရှိသူတွေကို လှမ်းပြီးမေးမြန်းခဲ့ကြောင်း၊  အင်္ဂါ မစုံမွေးလာတဲ့ ကလေးက မွေးကတည်းက သေဆုံးပြီး ကျန်ရစ်တဲ့ အမြွာနဲ့ ကလေး မိခင်ကတော့ ပုံမှန်ကျန်းမာနေလို့  တစုံတရာထောက်ပံ့ကူညီမှု မပေးခဲ့ရဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။

ဓာတ်ပုံ - Tachileik News Agency

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013