DVB Logo
Home
မြန်မာသတင်း
ဥပဒေချိုးဖောက်သည့် မြန်မာအလုပ်သမား ၄၀၀၀ ခန့်ကို ထိုင်းအရေးယူ
DVB
·
April 27, 2017
ဥပဒေချိုးဖောက်သည့် မြန်မာအလုပ်သမား  ၄၀၀၀ ခန့်ကို ထိုင်းအရေးယူ
Donate to DVB

 

ထိုင်းနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေထဲမှ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လုပ်ကိုင်သူပေါင်း ၃၇၆၁ ဦးကို ဖမ်းဆီးအရေးယူ ခဲ့တယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အခြားဒေသတွင်း တရားမ၀င်အလုပ်သမားနဲ့ အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ ဧပြီအထိ ၇ လတာအတွင်း ခွင့်ပြုချက်မပြုတဲ့လုပ်ငန်း (ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်) လုယူလုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃၇၆၁  ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့  ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဝေါရ နန် ပီတိဝမ်းက ဧပြီ ၂၆ ရက်လုပ်ငန်းဆိုင်ရာအစည်းအဝေးမှာပြောပါတယ်။

သူတို့တွေကို ဘန်ကောက်ကနေ ၁၂၉၂ ဦး၊ အခြားဒေသမှ ၂၄၆၉ ဦး ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားက ၁၄၉၃ ဦးနဲ့ အများဆုံးဖြစ်ကာ ကမ္ဘောဒီးယားက ဒုတိယအများဆုံး နဲ့ တတိယက လောနိုင်ငံသားတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ကြမ်းနဲ့ အိမ်ဖော်လုပ်ငန်းတွင်း အကြုံးဝင်တဲ့ အလုပ်အကိုင် ၂၄ မျိုးသား ခွင့်ပြုထားကြောင်း၊ ဒါပေမယ့် သူတို့တွေဟာ ခွင့်မပြုတဲ့ ဈေးဆိုင်မှာထိုင်ရောင်းတာ၊ အထမ်း ဒါမှမဟုတ် တွန်းလှည်းနဲ့ လည်ရောင်းတာ၊ ပျံကျရောင်းတာ၊ ဧည့်လမ်းညွှန်လုပ်တာ၊ လုံခြုံရေးအစောင့် လုပ်တာစတဲ့ အလုပ်တွေ ၀င်ရောက်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားစီမံခန့်ခွဲရေးဌာန၊ အုပ်ချုပ်ရေး၊ စစ်တပ်နဲ့  ရဲတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီ ၇ လအတွင်း ဘန်ကောက်နဲ့ အခြားဒေသက လုပ်ငန်းပေါင်း ၆၆၄၁၁ နေရာကို ၀င်ရောက်စစ်ဆေးခဲ့ပြီး ဥပဒေနဲ့အညီမဆောင်ရွက်တဲ့ အလုပ်ရှင်ပေါင်း ၅၁၉ ဦးကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်ရှင်တွေအနေနဲ့ တရားမ၀င်အလုပ်သမား ငှားရမ်းခန့်ထားမယ်ဆိုရင် အလုပ်သမားတဦးအတွက် ဒဏ်ငွေ အနည်းဆုံးဘတ် ၄ သိန်းမှ ဘတ် ၈ သိန်းထိ ချမှတ်ခံရမှာဖြစ်ပြီး အလုပ်သမားအားလုံး တရားဝင်ဘောင်ထဲကပဲ လုပ်ကိုင်ဖို့ ဆောင်ရွက်နေတာကြောင့် နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အမ်အိုယူ (နှစ်နိုင်ငံ သဘောတူနားလည်မှုစာချွန်လွှာ) နဲ့သာ လာရောက်လုပ်ကိုင်ကြဖို့ အလုပ်သမားညွှန်မှူးက တိုက်တွန်းပါတယ်။

ကိုးကား - မန်နေဂျာအွန်လိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013