DVB Logo
Home
မြန်မာသတင်း
ကန့်ကွက်မှုကြားက သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်တံတားအမည်တပ်ဆင်
DVB
·
April 27, 2017
ကန့်ကွက်မှုကြားက သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်တံတားအမည်တပ်ဆင်
Donate to DVB

 

မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူး တံတားအမည်ကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကပဲ ဒီကနေ့ မနက်အစောပိုင်းက  “ဗိုလ်ချုပ်အောင်ဆန်း”တံတားလို့ အမည် တပ်ဆင်လိုက်ပါတယ်။

ဒီတံတားဖွင့်ပွဲကို မေလတွင်းမှာ ပြုလုပ်ဖို့ ရှိပေမယ့် ဒီကနေ့ မနက်အစောပိုင်း ၄နာရီခွဲ မှာတော့ ဆောက်လုပ်ရေးအဖွဲ့တွေက "ဗိုလ်ချုပ်အောင်ဆန်းတံတား” နာမည်လာ ရောက်တပ်ဆင်သွားတယ်လို့  ချောင်းဆုံတံတားဆိုင်ရာ လူထုလှုပ်ရှားမှုကော်မီတီ ပြန်ကြားရေးတာဝန်ခံ  ဦးမင်းမင်းနွယ်က ပြောပါတယ်။

“ဒါက အင်ဂျင်နီယာပိုင်းဆိုင်ရာကိစ္စပဲလေ။ တံတားဖွင့်ပွဲ မဟုတ်သေးဘူး။ တံတားဖွင့်ပွဲ နောက်လ လုပ်ဖို့အတွက်ကို ဒီမနက် ၄ နာရီ ၃၀ မှာ သူတို့က တံတားဆိုင်းပုဒ်တပ်တာ။  ”

သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်တပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံသောင်းချီပြီး ၂ ကြိမ်တိုင် ဆန္ဒပြခဲ့သလို လက်ရှိမှာလည်း  အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်မတပ်ဖို့ လက်မှတ်တွေကောက်ခံနေရာမှာ လက်မှတ် ၁သိန်းကျော်ရရှိနေပြီးလို့လည်း ဦးမင်းမင်းနွယ်က ပြောပါတယ်။

“ပထမအကြိမ်ဆန္ဒပြတယ် လူ ၃ ထောင်နဲ့၊ ဒုတိယအကြိမ်ဆန္ဒပြတယ်။ လူ ၄ သောင်း လောက်နဲ့။ အခုကလည်း ကျနော်တို့လက်မှတ်တွေကို လိုက်ကောက်တယ်။ လက်မှတ်လည်း တသိန်းခွဲလောက်တော့ရနေပြီ။ အဲဒီလက်မှတ်တွေကို ကျနော်တို့က တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတွေ၊ သမ္မတကြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ကို ကျနော်တို့ ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို တင်ပြသွားဦးမယ်။ အိပ်ဖွင့်ပေးစာ ဆိုပြီးတော့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ဒီဗမာပြည်အစိုးရရဲ့  တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ ဂရုဓမ္မ မထားဘဲ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေတယ်ဆိုတဲ့ပုံစံမျိုး၊ နောက်တိုင်းရင်းသား တွေရဲ့အခွင့်အရေးကို အသိအမှတ်မပြုဘူးဆိုတဲ့ပုံစံမျိုးကို ကျနော်တို့က အိတ်ဖွင့်ပေးစားပေးပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ၀ိုင်းဝန်းပေးဖို့လည်း ကျနော်တို့တောင်းဆို ထားတာရှိတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့က ဆက်လက်ကန့်ကွက်မယ့် သဘောရှိပါတယ်။ ”

မော်လမြိုင်-ချောင်းဆုံကို ဆက်သွယ်ထားတဲ့သံလွင်တံတားကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ ဒီတံတားအမည်ပြောင်းဖို့ ပြည်သူ့လွှတ်တော်မှတ င်သွင်း အတည်ပြုခဲ့တဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ ဒီတံတားကို အမည်ပြောင်းမယ်ဆိုရင် ဒေသခံတွေရဲ့ သရုပ်လက္ခဏာပါတဲ့ နာမည်မျိုးကိုသာ ပေးစေလိုတယ်လို့ လည်း ပြောပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အန်အယ်လ်ဒီအမတ် မိကွန်ချမ်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့က  ပြည်သူ့လွှတ်တော်မှာ “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားတဲ့  တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့” အဆိုတခု တင်ခဲ့ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာတော့ အမည်ပေးရေးကိစ္စ အငြင်းပွားနေတဲ့ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား အမည်ကို ပြည်သူ့လွှတ်တော်မှာ မဲခွဲပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013