DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေကျပ် ၇ ဘီလီယံကိစ္စ နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ဟု ကြံ့ခိုင်ရေးပါတီတုံ့ပြန် (ရုပ်သံ)
DVB
·
April 27, 2017
ရန်ပုံငွေကျပ် ၇ ဘီလီယံကိစ္စ နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ဟု ကြံ့ခိုင်ရေးပါတီတုံ့ပြန် (ရုပ်သံ)
Donate to DVB

ယခင် မကွေးတိုင်းဒေသကြီးအစိုးရ လက်ထက်က ရေနံလက်ယက်တွင်းတွေကရတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ဘီလီယံကျော် စုံစမ်းဖော်ထုတ်မှုကိစ္စ  ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"မကွေးတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ဦးဘုန်းမော်ရွှေအနေနဲ့ ပါတီကို ရန်ပုံငွေ ပေးသွင်းရတယ်ဆိုတာ လုံးဝကို မရှိပါဘူး။ မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ အစိုးရအဖွဲ့ အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန်မှာ သူ့ဖွံ့ဖြိုးရေးရန်ပုံငွေဟာ ဝန်ကြီးချုပ် ငွေကြေးစီမံခန့်ခွဲ ခွင့် power ဖြစ်တယ်။ သူ့ရဲ့ ဒေသဖွံ့ဖြိုးရေး အတွက် စီမံဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ရှိမှာပေါ့။ အဲဒီအပေါ်မှာ ဒီလိုမရှင်းမလင်းဖြစ်တဲ့ဟာကို လက်ရှိအစိုးရအဖွဲ့က ခေါ်ယူဆွေးနွေး အဖြေထုတ် လိုက်ရင်ပြီးသွားမှာပါ။ တကယ်လို့ ဥပဒေနဲ့ မညီဘူးဆိုရင် ဦးဘုန်းမော်ရွှေ ရှင်းပေးပါလိမ့်မယ်။ သို့သော် ဦးဘုန်းမော်ရွှေ မကွေးတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေချိန်မှာ တပါတည်းမှာ တိုင်းပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့အခါကြတော့ သူရဲ့ဆောင်ရွက်ချက်တွေကို ပြည်ခိုင်ဖြိုး ပါတီထဲဆွဲထည့်ပြီးတော့ ပါတီကို နိုင်ငံရေးအရ ထိုးနှက်တယ်လို့ဘဲ မြင်တယ်။ ဒီကိစ္စက ဦးဘုန်းမော်ရွှေကို ခေါ်ယူတွေ့ဆုံပြီးတော့ ရှင်းလိုက်ရင်ပြီးသွားမယ့် ကိစ္စကို ဒါအကျယ်ချဲ့ပြီးတော့ ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်တယ်လို့ မြင်ပါတယ်။ ဒါမဟုတ်ဘူးဆိုတာ ပါတီကနေပြီးတော့ ပြတ်ပြတ်သားသား ရှင်းလင်း ပြောကြားလိုပါတယ်။"

ရေနံလက်ယက်တွင်းကရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ကျော် ပြန်လည်ပေးအပ်ဖို့နဲ့ ကြံခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကြေး ၁.၇ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီးအစိုးရကို ပြန်လည်ပေးအပ်ဖို့ ညွန်ကြားခဲ့ပြီး ပြန်လည် ပေးအပ်ခြင်း မရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းတွေက ကောက်ခံခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုကို တိုင်းအစိုးရသစ်က ၂၀၁၇ ဇန်နဝါရီအတွင်း တွေ့ရှိခဲ့ပြီး ပြည်ထောင်စု အစိုးရထံ တင်ပြပြီး စစ်ဆေးခဲ့တဲ့အခါ ငွေကျပ် ၇ ဒသမ ၄၅၉၆ ဘီလီယံ ပျောက်ဆုံးနေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013