DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ဆိုင်ကယ်တူးဘောက်ထဲမှ ငွေကျပ်သိန်း ၇၀ နှိုက်ယူခဲ့သည့် ရုပ်သံထွက်ပေါ်
DVB
·
April 27, 2017
ပခုက္ကူတွင် ဆိုင်ကယ်တူးဘောက်ထဲမှ ငွေကျပ်သိန်း ၇၀ နှိုက်ယူခဲ့သည့် ရုပ်သံထွက်ပေါ်
Donate to DVB



မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ဧပြီ ၂၆ ရက်နေ့ နေ့ခင်းပိုင်းက အအေးဆိုင်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးရဲ့ တူးဘောက်ထဲက ငွေကျပ် သိန်း ၇၀ နှိုက်ယူခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။

ပခုက္ကူဂျာနယ်လစ်ကွန်ရက်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ အအေးဆိုင်ရှေ့မှာ ဆိုင်ကယ်တစီး ရပ်ထားတာကို တွေ့ရပါတယ်။

ဒီနောက်မှာတော့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ထပ်မံရောက်လာပြီး တဦးက ဖုန်းပြောသလိုလုပ်နေပြီး ဆိုင်ကယ်မောင်းသူက တဖက်ရပ်ထားတဲ့ဆိုင်ကယ်ရဲ့ တူးလောက်ကို ဖွင့်ပြီး ငွေတွေနှိုက်ယူပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့ ရဲစခန်းကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ငွေပျောက်တဲ့ကိစ္စ ရဲစခန်းမှာ လာပြီး အမှုဖွင့်ထားတာရှိကြောင်း၊ လောလောဆယ် ဂိတ်တွေ အားလုံးကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ တာဝန်ကျရဲဝန်ထမ်းတဦးက ပြောပါတယ်။

“ဖြစ်သွားတာက ရပ်ကွက် ၇ ထဲက ဗီတာမင်အအေးဆိုင်နားမှာ၊ ဘဏ်မှာပိုက်ဆံ သွားထုတ်တာကို အနောက်က နောက်ယောင်ခံလိုက်လာပြီး နှိုက်ယူသွားတာလို့ပဲ အကြမ်းဖျင်း သိရပါတယ်။  အသေးစိတ်အချက်အလက်ကိုတော့ ကျနော်တို့ သတင်းတပ်ဖွဲ့တွေ ရောက်လာမှပဲ သိရမယ်။ ခုလောလောဆယ် တရားခံတွေ ဖမ်းမိဖို့ ပခုက္ကူက ဂိတ်တွေအကုန်လုံးပိတ်ဆို့ စစ်ဆေးနေပါတယ်ခင်ဗျ။”

ဒီငွေတွေဟာ ပခုက္ကူ ကမ္ဘောဇ ဘဏ် ၁ ကနေ ထုတ်ယူလာတဲ့ ငွေတွေဖြစ်ပြီး ဘဏ်မှအပြန် အအေးဆိုင် ဝင်ရောက်စဉ် နှိုက်ယူခံခဲ့တာလို့ ပခုက္ကူဂျာနယ်လစ်ကွန်ရက်မှာ ဖော်ပြထားပါတယ်။

ရုပ်သံ - ပခုက္ကူဂျာနယ်လစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013