DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင်သတင်းထောက်တွေကို အထူးသတင်းထောက်ကတ် ထုတ်ပေးထားတာမရှိ
DVB
·
April 27, 2017
နိုင်ငံပိုင်သတင်းထောက်တွေကို အထူးသတင်းထောက်ကတ် ထုတ်ပေးထားတာမရှိ
Donate to DVB

နိုင်ငံပိုင်သတင်းထောက်တွေကို အထူးသတင်းထောက်ကတ် ထုတ်ပေးထားတာမရှိဘူးလို့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ ၁ နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောတာပါ။

“လေ့ကျင့်ပေးထားတဲ့ သတင်းထောက်တွေ၊ မှတ်ပုံတင်ထားတဲ့ သတင်းထောက်တွေကိုပဲ မြန်မာ့ အလင်းဆို မြန်မာ့အလင်း၊ ကြေးမုံဆို ကြေးမုံ ဒီလိုတံဆိပ်ကလေးတွေ ထုတ်ပေးထား တာပဲ ရှိပါတယ်။ အထူးသတင်း ထောက်ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် ပြန်ပြီး စစ်ပေးပါမယ်"လို့ ဦးကျော်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှုခင်း သတင်းထောက်အဖွဲ့ချုပ် အဖွဲ့အစည်းတံဆိပ်နဲ့ ယူနီဖောင်းတွေဝတ်ပြီး အထူးသတင်းထောက်ဟုပြောကာ ငွေကြေးတောင်းခံတာ၊ ဧပြီလ ၁၆ ရက်နေ့ကလည်း ငွေကြေးရယူကာ ဘင်္ဂါလီတွေ ခိုင်းသွင်းတာတွေ ဖြစ်ပေါ်နေပါတယ်။

အထူးသတင်းထောက်တွေ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံသတင်းမီဒီယာကောင်စီနဲ့ သတင်း မီဒီယာအဖွဲ့အစည်းအသီးသီးကလည်း မြန်မာနိုင်ငံမှုခင်း သတင်းထောက်အဖွဲ့ချုပ်ကိုလည်း သတင်းမီဒီယာကျင့်ဝတ်နဲ့ မညီဘဲ ဥပဒေမဲ့လုပ်ဆောင်နေတာတွေကို စည်းကမ်းထိန်းသိမ်း ကြပ်မတ်ပေးဖို့ အကြောင်းကြားစာပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013