DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့တွင် ကားဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွား၊ တဦး ဒဏ်ရာရ
DVB
·
April 26, 2017
ဖြူးမြို့တွင် ကားဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွား၊ တဦး ဒဏ်ရာရ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ ဒီနေ့ နေ့လယ်က ကားဂဟေဆော်ရာကနေ မီးလောင်မှုတခုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ မွန်းလွဲ ၁ နာရီခွဲလောက်က ရန်ကုန်-မန္တလေး ကားလမ်းမဟောင်း မိုင်တိုင်အမှတ် ၁၄၁ မိုင် ၅ ဖာလုံအနီး ရှမ်းလေး ကားဘော်ဒီပြုပြင်ရေးအလုပ်ရုံမှာ ပိုင်ရှင် ကိုရှမ်းလေးနဲ့ အလုပ်သမားဖြစ်သူ ဖိုးလပြည့်တို့  NISSAN အမျိုးအစား ၁၀ ဘီးယာဉ်ရဲ့ ဆီတိုင်ကီကို ဂဟေဆော်ရာမှ ရုတ်တရက်မီးထလောင်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဖိုးလပြည့် (ခ) ပါဂျဲရဲ့ တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံခဲ့ရပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်းအနည်းငယ်သာမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဖြူးမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး မီးလောင်ကျွမ်းခဲ့တဲ့ ဖိုးလပြည့်ကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသပေးထားတယ်လို့  ဖြူးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

"ကားမီးလောင်တာရယ်လို့ မဟုတ်ဘူးဗျ။ ကားနာက်က တင်ထားတဲ့ တိုင်ကီအလွတ်ပေါ့၊ ဆီတိုင်ကီအလွတ်ပြုပြင်ရင်းကနေ ဖြစ်တာပါခင်ဗျ၊ အချိန်က ၁၃ နာရီ ၂၅ ကပါခင်ဗျ၊ အဲ့ဒါက ကားဆီတိုင်ကီအလွတ်မှာ ဂဟေတို့ ပြုပြင်ရင်းကနေပြီးတော့ သူက ဒီဆီတိုင်ကီအလွတ်ထဲမှာရှိတဲ့ ဆီငွေ့ကျန်တွေနဲ့ ဂဟေတို့တဲ့ မီးပွင့်မီးစနဲ့ ထိတွေ့ပီးတော့ မီးလောင်မှုဖြစ်တာပါ၊ ဒဏ်ရာရတစ်ယောက်ရှိပါတယ်၊ ဒဏ်ရာရတာကတော့ ခန္ဓာကိုယ်အနှံ့ မီးလှန့်ဒဏ်ရာတွေရတယ်ခင်ဗျ၊ အဲဒါတော့ဖြူးဆေးရုံကို လက်ရှိတော့ တင်ပြီးကုသဆဲပဲခင်ဗျ၊ သူ့အခြေအနေကတော့ ဆရာဝန်ကြီးတော့ ဘာမှတော့မပြောလိုက်သေးဘူး။ ကားကတော့ ဘာမှမဖြစ်ဘူးခင်ဗျ၊ ကားခေါင်းအနည်းငယ်နဲ့ ဆီတိုင်ကီအလွတ်ပဲ မီးလောင်မှုဖြစ်သွားတာပါ၊ အရေးယူဆာင်ရွက်မှုတွေကို ရဲတပ်ဖွဲက လုပ်နေပါတယ်။"

မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မီးအား ပေါ့ဆစွာ အသုံးပြုသူ ကိုရှမ်းလေးအား ဖြူးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ /၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း-အောင်ကျော်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013